ကလေးမြို့မှာ ptf အတွက် ဖုန်းကံစမ်းမဲရောင်းတဲ့ လူတစ်ဦးနဲ့ ဆက်စပ်ပြီး လူအများအပြားဖမ်းဆီးရမိပါတယ် ..
စစ်ကိုင်းတိုင်း၊ ကလေးမြိုမှာ ptf ရန်ပုံငွေအတွက် ဖုန်းကံစမ်းမဲရောင်းတဲ့ လူငယ်တစ်ယောက်နဲ့ဆက်စပ်ပြီး နောက်ဆက်တွဲအနေနဲ့ လူအများအပြားကို ဇူလိုင်လ ၂၈ မနက်ပိုင်းမှာ ဖမ်းမိတာဖြစ်ပါတယ် ..
ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ (၁၂) ၊ မှာနေထိုင်တဲ့ Chit Min Khant ဖမ်းဆီးအပြီးမှာ နောက်ဆက်တွဲအနေနဲ့ ဖမ်းဆီးမူတွေဆက်တိုက်လုပ်ခဲ့တာဖြစ်ပါတယ် ...
"ညောင်ပင်သာရပ်ကွက်၊ ဘုရားသုံးဆူအနားက စျေးလမ်းထဲမှာ ရဲတွေနဲ့စစ်သားတွေ အိမ်တစ်အိမ်ဝင်ဖမ်းကြတော့ ဒီကောင်က ကားထဲမှာ ဆိုင်ကယ်ဦးထုပ်နဲ့ ထိုင်နေတာ။ သူလိုက်ပြတာပေါ့။ အဖမ်းခံရတာက CDM ဆရာမပါ" လို့ ဆိုပါတယ် ..
"အကုန်လိုက်ဖော်နေတော့တာ။ ကျနော်သိတာကို နှစ်ဆယ်ဝန်းကျင်ရှိနေပြီ" လို့ ကလေး PtF တစ်ဦးက ဆိုပါတယ် ...
အခု .. ဆက်တိုက်ဖမ်းဆီးလျှက်ရှိ။
suemedia
#KT