KNU ဗဟိုရဲ့ ၂ ကျပ်ကွက်နှင့် နယ်ဒါးမြ

Views

KNU ဗဟိုကနေ နယ်ဒါးမြကို ကနဲလေး- မော်ခီးရွာ ဆက်သွယ်မယ့် အူးဟူးချောင်းတံတားဆောက်လုပ်နေတဲ့ အရပ်သား(၂၅)ယောက်ကို သတ်မှုနဲ့ပတ်သက်ပြီး KNDO ရာထူးကနေ ယာယီရပ်ဆိုင်းထားပါတယ် ..

ဒါကလဲ ဟန်ပြသက်က်လို့ပဲဆိုရမှာပဲ ..

အခုထိ ထိထိရောက်ရောက်အရေးယူမှုဘာမှ မလုပ်ခဲ့ပါဘူး ..

ဘာကြောင့်ရက်စက်တဲ့လူသတ်သမားကို လွှတ်ပေးထားတာလဲဆိုတာကတော့ KNU ဗဟိုအဖွဲ့မှာ မရိုးသားတဲ့ ဘာအကြံအစည်တွေရှိနေသလဲ

လှေနံနှစ်ဖက်နင်းထားသလိုပါပဲ .. KNU အနေနဲ့ NCA အသီးအပွင့်တွေကိုလဲ လက်မလွှတ်နိုင်၊ CIA, NUG တို့ရဲ့ $ ကိုလဲ လက်မလွှတ်နိုင်လို့ပါပဲ သုံးသပ်မိတယ် ..

၁၇-၇-၂၀၂၂ရက်နေ့မှာ Kaw Thoo Lei Army ဆိုပြီး နယ်ဒါးမြက ကောက်ပြီး တစ်စင်ထောင်လိုက်တယ် ..

NCA လက်မှတ်ထိုးထားတဲ့ KNU အဖွဲ့ဟာ နယ်ဒါးမြရဲ့ တစ်စင်ထောင်ခြင်းကို ကန့်ကွက်စာတွေထုတ်နေပေမယ့် ယနေ့အချိန်ထိ ဘာမှထိထိရောက်ရောက် ဆောင်ရွက်နေတာလည်း မတွေ့မိပါဘူး ..

နယ်ဒါးမြ တစ်စင်ထောင်လိုက်ခြင်းနဲ့ပတ်သက်ပြီး  KNU ဗဟိုက နောက်ကွယ်ကနေ မသိမသာ လူမိုက်မွေးထုတ်လိုက်လေသလားဆိုတာကလည်း  KNUနဲ့ နယ်ဒါးမြသာအသိဆုံးဖြစ်မှာပါ

#KT



Post a Comment

Previous Post Next Post