ကမ္ဘာပေါ်မှာလူငယ်တွေကိုနေရာပေးဖို့ဆိုပြီးတော့ဦးစားပေးစဥ်းစားလာတာကြာပါပြီ။ လူငယ်တွေကိုနေရာပေးတဲ့အဖြစ်အပျက်မျိုးဖြစ်လာရင် သတင်းတွေမှာတခုတ်တရရေးသားချီးမွမ်းကြတယ်။
တွေ့ရများတာကစကင်ဒီနေးဗီးယန်းနိုင်ငံတွေမှာပါ။ ဝန်ကြီးတွေကို လူငယ်တွေခန့်အပ်နေရာပေးတာမကြာမကြာတွေ့ရတယ်။
နောက်ပိုင်းမြန်မာနိုင်ငံမှာလည်းမျိုးဆက်သစ်တွေအဖွဲ့လိုက်ဖွဲ့စည်းပြီး လှုပ်ရှားမှုတွေလုပ်ကြတာတွေ့ရတယ်။
ဥပမာ NLD တို့၊ USDP တို့က လူငယ်နဲ့ဆိုင်တဲ့ကော်မတီတွေဖွဲစည်းတာ၊ Activities တွေလုပ်တာမြင်ရပါတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့လူငယ်လှုပ်ရှားမှုတွေ၊ ကော်မတီတွေ၊ ကျောင်းသားလူငယ်အဖွဲ့အစည်းတွေအများကြီးပဲ။
< လူကြီးနဲ့လူငယ်ကြားမှာအားသာချက်၊အားနည်းချက်ကိုယ်စီရှိကြတယ် >
လူကြီးတွေရဲ့အားသာချက်က
အသက်အရွယ်အရအတွေ့အကြုံများတာ၊အတွေးခေါ်ကြီးတာ၊ပညာပြည့်တာ။
လူငယ်တွေရဲ့အားသာချက်ကျတော့
ဖောက်ထွက်စဥ်းစားနိုင်တာ၊ သွက်လက်တာ၊ အလုပ်လုပ်ရင် စွမ်းအင်အပြည့်နဲ့ အင်နဲ့အားနဲ့တက်တက်ကြွကြွလုပ်နိုင်တာ၊ အတွေးအခေါ်လန်းဆန်းသစ်လွင်တာ။
လူကြီးတွေရဲ့အားနည်းချက်က
နှေးကွေးတာ၊ ချီတုံချတုံဖြစ်တာ၊ အသက်ကြီးလို့ အင်တိုက်အားတိုက်မလုပ်နိုင်တာပါ။ အကြီးဆုံးအားနည်း ချက်က ခေတ်လူငယ်တွေနဲ့မဝင်ဆန့်ပဲ မျိုးဆက်ကွာဟမှု Generation Gap ဖြစ်သွားတာ။
လူငယ်တွေရဲ့အာနည်းချက်က
အသိအမြင်နိမ့်ပါးသေးတာ၊ ဆင်ခြင်တုံတရားနည်းတာ၊ အမှားအယွင်းများတာတွေပါ။
ဘယ်နိုင်ငံတွေကဘယ်လိုပဲပြောပြော လူငယ်တွေကိုချည်းလှိမ့်နေရာပေးလို့မရပါဘူး။ အမှားအယွင်းများတတ်လို့ပါ။ လူကြီးတွေချည်းလဲနေရာယူထားလို့မဖြစ်ပါဘူး။ နှေးကွေးလေးလံပြီးစာအုပ်ကြီးလိုလုပ်တာ၊ လူ့သဘောသဘာဝကိုနားမလည်တာ ဖြစ်တတ်ပါတယ်။
ဒီနေရာမှာမျိုးဆက်ကွာဟမှုဟာသိပ်ကြောက်စရာကောင်းတယ်။ လူငယ်တွေဘာတွေးနေလဲ၊ ဘာစဥ်းစားနေလဲ၊ ဘာလုပ်ရမလဲဆိုတဲ့အဖြေကိုလူကြီးတွေမစဥ်းစားနိုင်ရင်ဒုက္ခရောက်တာပါပဲ။
ဥပမာ တနေ့က ကျွန်တော်ရေးသလိုသေဒဏ်ပေးခံလိုက်ရတဲ့ရာဇဝတ်ကောင်တွေကို ဒီတိုင်းကြေညာနေမယ့်အစား အသေးစိတ်ပြစ်မှုတွေ၊ နစ်နာရသူတွေရဲ့အချက်အလက်တွေတွဲပြပါဆိုတာမျိုးပါ။
နစက ဘက်ကလူကြီးတွေများပြီးတော့လမ်းရိုးအတိုင်းလျှောက်နေချိန် ဆန့်ကျင်ဘက်အုပ်စုတွေကအတွေးသစ်အမြင်သစ်တွေနဲ့ဖောက်ထွက်လှုံ့ဆော်တဲ့အခါ မီဒီယာပြိုင်ဆိုင်မှုဟာလက်ရည်မညီဖြစ်ပြီး နစက လူးလှိမ့်ခံနေရတာမျိုးပါ။ Bottle neck effect ဖြစ်တာပေါ့။ ဒါကအပြစ်ပြောစရာမဟုတ်ဘူး။ သက်ကြီးလာတဲ့လူတွေရဲ့သဘာဝတရားပဲ။ ဒါကိုနားလည်တဲ့လူကြီးတွေက နေရာကိုပိတ်မနေဘဲလူငယ်တွေကိုမျှဝေပေးကြတယ်။ သူတိုမမြင်နိုင်တဲ့သဘာဝကိုသိလို့၊ လူငယ်တွေရဲ့ဆန်းသစ်အမြင်ကိုသိလို့။
သေဒဏ်ပေးတာကို ကျွန်တော်တွေးရေးလိုက်မှ ဆူးလေမှာဗီနိုင်းထောင်တာတွေဖြစ်လာတယ်။ ဒါဟာ generation gap ရဲ့ဥပမာတစ်ခုပဲ။ နစကမှာ လူငယ်ဖောက်ထွက်စဥ်းစားတတ်တဲ့အတွေးအခေါ်ရှင်တွေ လိုအပ်နေတာသေချာပါတယ်။
တော်လှန်တဲ့ဆန့်ကျင်ဘက်အုပ်စုကို ပြန်ကြည့်တော့လူငယ်တွေ၊ ဖောက်ထွက်တဲ့လူတွေများပြီး ဆင်ခြင်တုံ တရားရှိတဲ့ပညာပြည့်လူကြီးတွေမရှိတာတွေ့ရတယ်။
ဘယ်လိုပဲလမ်းမှားရောက်တယ်၊ လျှောက်တယ်ပဲပြောပြောလူငယ်ရဲ့ creative ကသိသာပါတယ်။ PDF တွေဘက်က ဂိမ်းမာတွေဟာ Drone မောင်းသူတွေဖြစ်လာတယ်။ တချိုဟာလက်လုပ်မိုင်း၊ သေနတ်၊ လက်နက် ကြီးထုတ်လုပ်သူတွေဖြစ်လာတယ်။ လူငယ်ခြေတက်တွေများလို့ နစကရဲ့ လုံခြုံရေးတပ်ဖွဲဝင်တွေကိုခြမ်းခြောက်တာ၊ ပြောက်ကျားစစ်မှာလိုအပ်တဲ့(သွက်လက်ဖြတ်လတ်တဲ့ပုံစံ) ပြုမူတာ၊ ထိုက်သင့်သလောက်ရလဒ်ထွက်တာသိသာပါတယ်။
ပညာပြည့်တဲ့ဦးဆောင်သူ လူကြီးမရှိတာကတော့အထူးအထွေတောင်ပြောစရာမရှိပါဘူး။ NLD အစိုးရလက်ထက်နေရာရတဲ့သူတွေအားလုံး မူလတန်း၊ ထောင်ထွက်တွေအများစုဖြစ် နေတာကြည့်ရင်သိသာပါတယ်။ အဓိကကျတဲ့ရန်ကုန်တိုင်းလို ဝန်ကြီးချုပ်ရဲ့အရည်အသွေးကြည့်ရင်တောင်လူ့စွမ်းအားအရင်းအမြစ်ဘယ်လောက်ချိုတဲ့သလဲသိသာပါတယ်။
ဒါကြောင့်တော်လှန်ရေးဟာ ခေါင်းပျောက်ပြီးဖြစ်ချင်ရာဖြစ်နေတာပေါ့။ ခေါင်းပျောက်ပြီးအမှားများတဲ့လူငယ်တွေများတာကြောင့် NUG ရဲ့ တော်လှန်ရေးဟာ နစကအောက် ပြားပြားဝပ်လာရမှာသေချာတယ်။ လုပ်ချင်ရာလုပ်တဲ့အတွေးအခေါ်နိမ့်၊ တက်ကြွတဲ့လူငယ်တွေရဲ့
- ပြည်သူကိုဒလန်စွတ်စွဲပြီးtတ်တာ
- ကိုယ့်ဘက်မပါတဲ့သူတွေကိုtတ်တာ၊အမျိုးသမီးတွေကိုမုဒိမ်းကျင့်tတ်တာ
- ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ စက်ဆီ၊ဓာတ်ဆီ၊လမ်း၊တံတား၊ပြည်သူ့နေရာတွေ၊တာဝါတိုင်တွေ၊ဓာတ်အားပေးတိုင်တွေ၊ဘဏ်တွေ၊ကားတွေကိုဖျက်ဆီးနေတာ
- မူးယစ်ဆေးဝါးသုံးစွဲပြီး ထင်ရာစိုင်းလုပ်ချင်ရာလုပ်နေတာ
- သီတဂူလို၊အရှင်ဆေကိန္ဒလိုဆရာတော်ကြီးတွေကိုတောင် မိုက်ရိုင်းယုတ်မာရဲတာ
- သံဃာ့ဂုဏ်ကိုမသိပဲ ဆွမ်းစားနေချိန်တောင် ခိုးကြောင်ခိုးဝှက်နဲ့နောက်ကနေသေနတ်နဲ့ပစ်တာ
- မိဘအရင်းတောင်မှ ကလန်ကဆန်၊လုပ်ကြံတဲ့ကံကြီးထိုက်မယ့်အမှုတွေကျူးလွန်တာ
စတာတွေကိုမထိန်းနိုင်ဘူး။ ဒါတွေက တော်လှန်ရေးကိုဆွဲချသွားမှာ။ နိဂုံးချုပ်စေမှာကိုမသိကြဘူး။
နစကဘက်ကတော့ ဆင်ခြင်တုံတရားနဲ့၊ နိုင်ငံရေးတည်ငြိမ်မှုဖော်ဆောင်နိုင်တဲ့လူကြီးတွေရှိပါရဲ့။ သေဒဏ်ကိစ္စလို ဖောက်ထွက်တွေးခေါ်သူလူငယ်တွေမရှိဘူး။
ဒီဘက် ၂ ခုမှာ နစက ဘက်ကလူငယ်တွေအသုံးချရမှာကလွယ်တယ်။ NUG ရဲ့တော်လှန်ရေးကို ပညာပြည့်တဲ့လူကြီးတွေရှိပြီး ထိန်းကျောင်းရဖို့က ခုချက်ချင်းဖြစ်လာမယ့်ကိစ္စမဟုတ်ဘူး။
ကိုယ့်အားနည်းချက်ကိုမြင်မယ်၊ ပြင်မယ်ဆိုရင်အဆင်ပြေတယ်။ နစကဘက်မှာက အားနည်းချက်ကိုဖြည့်ရတာပိုလွယ်တယ်။ ဒီတော့အားသာချက်ကိုထိန်းထား၊ အားနည်းချက်ကိုပြင်ဆင်ကြပေါ့။
Geopolitics' Admin
#KT