ကောလာဟလ တွေ မယုံကြဖို့လို

Views

အောင်ဆန်းကွင်းကဂိတ်တွေ ပိတ်တယ်ဆိုတာ အောင်ဆန်းကွင်းကိုအဆင်မြင့်တင်ဖို့၊ ပြန်ပြင်မှာမို့

ဂိတ်တွေပိတ်ရတာပါ ..

Express ကားတွေမှာ လူမဲ့တန်ဆာတင်ခွင့်မပြုဘူး/  ပြုတယ် ဆိုတဲ့သတင်းက ဘယ်ကမှတရားဝင်မထုတ်ပြန်ထားပါဘူး ...

ဒီနေ့အထိ ကားဂိတ်ကနေပစ္စည်းတွေပို့တာ မြို့အားလုံးကို express နဲ့ပို့တာပါ ..
ရပါတယ် ..

ကားဂိတ်ကလည်း နောက်နေ့မရတော့ဘူးလို့လည်းမပြောလိုက်ပါဘူး

ခုနောက်ပိုင်းကိုဗစ်ကာလကနေစပြီး express ကားကြီးတချို့က ခရီးသည်နည်းလို့ ကုန်ပစ္စည်းကိုသာအဓိကအားထားပြီး ပြေးဆွဲနေရတာပါ ..

ခု ကိုဗစ်နည်းနည်းပါးသွားပြီး အကုန်ပြန်လည်ပတ်သွားလာနေကြတဲ့အခါ ခရီးသည်တွေပုံမှန်ပြန်ဖြစ်လာပြီးကိုဗစ်တုန်းကကားသမားတွေက ခရီးသည်မရှိလို့ဝမ်းဗိုက်မှာတင်မက ခုံတွေခေါက်ပြီး ကုန်တင်ကြတယ်

ခု .. တချို့ကားတွေက ခရီးသည်တွေရှိနေတာတောင် နောက်ခုံလွတ်တွေကိုခေါက်ပြီး ပစ္စည်းတွေတင်နေကြလို့  ကားပေါ်ခရီးသည် လက်ဆွဲအိတ်ကလွဲပြီး ကျန်တာမတင်ရလို့ ပြောတာပါ

လူမဲ့တန်ဆာတေကို ယခင်ကတည်း ကားဝမ်းထဲမှာသာတင်ခွင့်ပြုထားပါတယ်

ခုလည်း ကားဝမ်းဗိုက်မှာသာတင်ခွင့်ပြုပြီး ကားပေါ်ခရီးသည်အထုတ်ကလွဲပြီး ကျန်တာမတင်ရသတ်မှတ်တာပါ ..

အထူးအဆန်းမဟုတ်ပေမဲ့ ဖွတဲ့သူတွေကမဟုတ်တာလျောက်ဖွကြလို့ အကုန်လိုက်ဈေးတက်နေကြတာ

အကုန်ဈေးတက်ပြီး တိုင်းပြည်ပျက်စေချင်လို့ဖွနေကြတာလား

သတင်းအမှန်ထုတ်ပြန်တာထိစောင့်စေချင်တယ် ..

ဘာလို ဖွနေကြတာလည်းမသိတော့ဘူး

ဒီနေ့အထိတော့ express ကားနဲ့ လူမဲ့တန်ဆာတင်လို့ရနေပါသေးတယ်
ခုဘဲတင်ပီးပြန်လာတာပါ

#ကူးယူဖော်ပြပါသည်

#KT

Post a Comment

Previous Post Next Post