PDF အကြမ်းဖက်သမားများက ဆရာတော်ကို မိုင်းဆွဲတိုက်ခိုက်

Views

ဆရာတော်ကို မိုင်းဆွဲတိုက်ခိုက်
*****************************
၃၀-၉-၂၀၂၂ ရက်နေ့
ကန့်ဘလူမြို့နယ်အတွင်း ဒေသတည်ငြိမ်
အေးချမ်းရေး ဆောင်ရွက်လျှက်ရှိသော
၅၅၀ ဆရာတော် လိုက်ပါလာသောကားကို
ယနေ့ နံနက် ၉နာရီ ခန့်က ကန့်ဘလူမြို့နှင့်
မှော်တော်ရွာကြား တောက္ကရှပ်ကျေးရွာအနီးတွင်
ကန့်ဘလူ တောပဒက်အဖွဲ့က ကားဗုံးခွဲ
တိုက်ခိုက်ခဲ့သည်။
.
ဗုံးပေါက်ကွဲခဲ့သော်လည်း
ဆရာတော်စီးနင်းလိုက်ပါလာသော ကားကို
ဗုံး စ ထိမှန်ခြင်းမရှိ လူ/ယဉ် ထိခိုက်မှုမရှိ
ခဲ့ကြောင်းသိရသည်။
.
အဆိုပါ ဗုံးပေါက်ကွဲသော နေရာကို
ကန့်ဘလူ ပြည်သူ့စစ်အဖွဲ့များက ရှင်းလင်းခဲ့ရာ
ဗုံးခွဲရ တွင် အသုံးပြုသည့် ဖုန်းတစ်လုံး
ဗုံး အစအနများနှင့် ဒရုန်းတစ်စီး သိမ်းဆည်း
ရမိခဲ့ကြောင်း သိရပါသည်။
.
၅၅၀ဆရာတော်ကို ပဒက်များက
ယခု တစ်ကြိမ်အပါအဝင် ၃ကြိမ် တိုင်တိုင်
ဗုံးခွဲ တိုက်ခိုက်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှပင်
ဆရာတော်ကို ထိခိုက်အောင် လုပ်နိုင်စွမ်း
မရှိခဲ့ကြောင်း သိရပါသည်။
.
ဆရာတော်သည်
တန့်ဆည်ဒေသ၊ ကန့်ဘလူဒေသ
အေးချမ်းတည်ငြိမ်ရေးအတွက်
ပြည်သူ့စစ်များဖွဲ့၍ ဒေသအကျိုး/ရပ်ရွာ
အကျိုးစွမ်းစွမ်းတမံ ဆောင်ရွက်နေသော
ဆရာတော် တစ်ပါးဖြစ်ပါသည်။
.
ဆရာတော်၏ ဒေသနှင့်ပြည်သူ အပေါ်ထားသော
စေတနာမေတ္တာများကြောင့် ပဒက်တို့ လုပ်ကြံ
မရဘဲ ဗုံးပြီး ဆရာတော် ဖြစ်နေခြင်းဖြစ်သည်ဟု
ဒေသခံပြည်သူများက ပြောဆိုကြပါသည်။
KS

 

Post a Comment

Previous Post Next Post