ပဲခူး သာယာကုန်းပင်မဓာတ်အားခွဲရုံ Drone ဖြင့် ဗုံး၁၀လုံးခန့် ပစ်ချတိုက်ခိုက်ခံရသဖြင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်

Views

ပဲခူး သာယာကုန်းပင်မဓာတ်အားခွဲရုံ Drone ဖြင့် ဗုံး၁၀လုံးခန့် 

ပစ်ချတိုက်ခိုက်ခံရသဖြင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်

========

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ရှိသာယာကုန်း ပင်မဓာတ်အားခွဲရုံအား အကြမ်းဖက်သောင်းကျန်သူများမှ Drone ဖြင့် ဗုံး(၁၀)လုံးခန့် ပစ်ချတိုက်ခိုက်ခံရသဖြင့်  

ဗို့အားမြင့် လျှပ်စစ်ပစ္စည်းများ ချို့ယွင်းပျက်စီးပြီး တစ်နိုင်ငံလုံး ဓာတ်အားပြတ် တောက်ကာ ဓာတ်အားခွဲရုံမှ ဝန်ထမ်းများပါထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။


သတင်းထုတ်ပြန်ချက်အပြည့်အစုံကိုကူးယူဖော်ပြအပ်ပါတယ်။


မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း

***

၁။ (၄.၄.၂၀၂၃)ရက်နေ့ (၂၁:၂၁)နာရီအချိန်တွင် ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ရှိ သာယာကုန်း ပင်မဓာတ်အားခွဲရုံအား အကြမ်းဖက် သောင်းကျန်းသူများမှ Drone ဖြင့် ဗုံး(၁၀)လုံးခန့် ပစ်ချဖေါက်ခွဲတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံအတွင်းရှိ ဗို့အားမြင့် လျှပ်စစ်ပစ္စည်းများ ချို့ယွင်းပျက်စီးလျှက် ဓာတ်အားစနစ် တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံး ဓာတ်အားပြတ်သည့်အပြင် ဓာတ်အားခွဲရုံမှ ဝန်ထမ်းများပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်၊၊

၂။ သာယာကုန်းဓာတ်အားခွဲရုံ ချို့ယွင်းမှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းမှ ဓာတ်အားများ ရန်ကုန်နှင့် မြန်မာနိုင်ငံတောင်ပိုင်းသို့ အပြည့်အဝပို့လွှတ်နိုင်မှုမရှိဘဲ ဝန်အားထိန်းညှိလျှက် ဓာတ်အားဖြန့်ဖြူးမှုများ ဆောင်ရွက်ရန် စီစဉ်လျှက်ရှိပါကြောင်း မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါသည်။

                                  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

Post a Comment

Previous Post Next Post