အကြမ်းဖက် KIA/PDF များ၏ ရမ်းသန်းပစ်ခတ်မှု ကြောင့် အပြစ်မဲ့ပြည်သူများနှင့် နေအိမ်များထိခိုက်ပျက်စီး

Views
ဧပြီလ ၉ ရက်နေ့ ည ၁၂ နာရီကျော်ခန့်တွင်  KIA/PDF အကြမ်းဖက်သောင်းကျန်းသူများသည် ခလရ(၁၂၁) ရင်းဌာနချုပ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ တပ်မတော်ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပြန်လည် ပစ်ခတ်ခဲ့။

အကြမ်းဖက်သမားများသည် ဒေသအခေါ် နွားတလှည့်လမ်းဆုံမှ ၆၀ မမ ဖြင့် ပစ်ခတ်ခဲ့ရာ တပ်အ‌နောက်ဘက် တွင်ရှိသော ပေါ်ခေါင်အင်းရွာသို့(၂)လုံး၊ ငါးအိုးကျေးရွာအတွင်းရှိ နေအိမ်ပေါ်သို့ (၁)လုံး ကျရောက် ပေါက်ကွဲ ခဲ့ပြီး…

အပြစ်မဲ့အရပ်သူ/သားများဖြစ်သော

-       _    ဦးမျိုးမင်းသိန်း(၃၄)နှစ်သေဆုံး

-         _ ဒေါ်မီမီထွန်း(၃၁)နှစ် နောက်ကျောနှင့် ခါးစပ် အစထိမှန်ဒဏ်ရာ(၅)ချက်

-     _ မသွန်းနဒီမောင် (၈) နှစ်  ရင်ဘက်အစထိမှန် ဒဏ်ရာ(၂)ချက်၊ ဦးခေါင်းပွန်းပဲ့ဒဏ်ရာ (၁)ချက်၊ဘယ်/ညာ ပေါင်အစထိမှန်ဒဏ်ရာများ၊ ညာခြေသလုံး အစထိမှန်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ) ရရှိခဲ့။

တပ်မတော်ဘက်မှ ထိခိုက်မှုမရှိဘဲ အပြစ်မဲ့ အရပ်သားများသေဆုံး၊ ထိခိုက်မှုနှင့် နေအိမ်များသာ ထိခိုက် ပျက်စီးခဲ့။


 









 

 

Post a Comment

Previous Post Next Post