ကယား BGF(1004) ဖြစ်စဉ်အမှန်များ

Views

ကယား BGF (1004) ကိစ္စ အားလုံးကြားသိပြီးသား ဖြစ်ပါလိမ့်မယ်။ လိုင်းပေါ်မှာတော့ တပ်ရင်းတစ်ခုလုံးပဲ တောခိုသွားသလိုလို ရေးနေကြလို အခုလိုရေးသားဖော်ပြလိုက်ပါတယ်။
-
မြေပြင်အမှန်က BGF တပ်ရင်းတစ်ခုလုံး တောခိုသွားတာမဟုတ်ပါဘူး။ မယ်စဲ့မြိုနယ်၊ ပန်တိန်း ရွာမှာတည်ထားတဲ့ 1004 တပ်ရင်းမှာ ကယောလူမျိုး၊ ကယန်းလူမျိုး၊ ကယားလူမျိုးတွေ အများစုနဲ့ဖွဲစည်းထားပါတယ်။ တစ်နည်းအားဖြင့် ယခင် ကလလတအဖွဲဝင်တွေ။ စခန်းစွန့်ပြီး တောထဲရောက်သွားတာက ကယန်းလူမျိုးတွေဖြစ်ပါတယ်။  
-
BGF(1004) မှာ တပ်မှူးလုပ်သူက ဗိုလ်မှူး ရီးစမာ၊ ဒုတပ်မှူးက ယိုနားဘားရီ။ တပ်မှူးလုပ်သူက လူအေးတစ်ယောက်၊ တပ်စဖွင့်ကတည်းက တပ်မှူးလုပ်လာတာဖြစ်ပြီး စစ်သက်အရ သူ့ကို တပ်မှူး ပေးထားတာ။ ဒါကို ဒုတပ်မှူးက မကျေနပ်လို တပ်ထဲမှာ ခဏခဏ ကတောက်ကဆဖြစ်တယ်။ ရီးစမာက တပ်မတော်နဲ့အဆင်ပြေတယ်၊ တပ်ကိုယုံကြည်တယ်။ ဒုတပ်မှူး ယိုနားဘားရီ လိုခေါ်တဲ့ ရဲသွေးက လူလည် အခွင့်အရေးသမား (ဗမာလူမျိုးလိုလည်း တစ်ချိုကပြောတယ်)ဖြစ်လို တပ်မှူးရဲ့ ဟာကွက်ကိုစောင့်နေတဲ့သူဖြစ်တယ်။ ရီးစမာက ကလလတဥက္ကဌ ထွန်းကျော်ရဲ့ လူယုံဖြစ်ပြီး ယိုနားဘားရီကတော့ ကလလတစစ်ရေးတာဝန်ခံ ထွန်းရွှေရဲ့ လက်ရင်းတပည့်ဖြစ်ပါတယ်။ စီးပွားရေးသမား လူလည်ထွန်းကျော်ရဲ့ နိုင်ငံခြားငွေရမယ်ဆိုတဲ့ ဝါဒဖြန့်မက်လုံးတွေကြောင့် သူတိုကို မလွန်ဆန်နိုင်တဲ့ BGF တပ်မှူးနဲ့ ဒုတပ်မှူးတိုဟာ တပ်မတော်ကိုသစ္စာဖောက်ပြီး သူတိုရဲ့ ရန်သူတော်ကြီးဖြစ်ခဲ့တဲ့ KNPP နဲ့ပူးပေါင်းသွားတာလဲဖြစ်ပါတယ်။ တပ်မှူးနဲ့ ဒုတပ်မှူးတိုဟာ KNPP နဲ့ပူးပေါင်းမယ့်ကိစ္စမှာ သဘောထားကွဲလွဲခဲ့ကြပြီး ရီးစမာက အစပိုင်းမှာ အင်တင်တင် လုပ်နေခဲ့တယ်။  
-
ရဲသွေးက တပ်မှူးကို မနာလိုတော့ လက်အောက်က ရဲဘော်တွေကို လိုက်လံစည်းရုံးတယ်။ ကယန်းလူမျိုးတွေ သူ့ဘက်ပါလာပြီဆိုတာနဲ့ တပ်မှူးလုပ်သူကို အကြပ်ကိုင်ဖမ်းဆီးခေါ်ဆောင် သွားပြီး ကယန်းလူမျိုးတွေနဲ့အတူ တောခိုသွားခြင်းဖြစ်တယ်။   
-
ယခုလက်ရှိ ပန်တိန်းရှိ 1004 ဌာနချုပ်မှာ အစိုးရတပ်မတော်နဲ့ တောမခိုတဲ့ BGF အဖွဲတွေက ဝင်ရောက်နေရာယူထားပါတယ်။ ကျန်ခဲ့တဲ့ BGF အဖွဲဝင်တွေဟာ ရီးစမာရဲ့ ဘက်တော်သားတွေ ဖြစ်ပြီး သူတိုတပ်မှူးတောခိုသွားတယ်ဆိုတာကို မယုံကြည်ကြပါဘူး။