ASEAN ၏စည်းလုံးညီညွတ်မှုကို ဖျက်ဆီးနေတဲ့ တရားခံနိုင်ငံအကြောင်း

Views

 အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့ (ADMM Plus EWG CT) စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise-TTX)ကို မြန်မာ၊ ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဩဂုတ် ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေပြည်တော်မှာ ပြုလုပ်ခဲ့တယ်။



လေ့ကျင့်ခန်းကို အိမ်ရှင်မြန်မာနဲ့အတူ ဘရုနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်အပြင် မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ် အရာရှိကြီးတွေ တက်ရောက်ပြီး ပူးပေါင်းလေ့ကျင့်ခဲ့ကြတယ်။



အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ စင်ကာပူကတော့ မြေပြင်မှာ ပူးပေါင်းလေ့ကျင့်ခြင်းမရှိဘဲ Video Conferencing နဲ့သာ လေ့ကျင့်မယ်လို့ အဆိုပြုတင်ပြခဲ့တယ်။ လေ့ကျင့်ခန်းကို VC နဲ့ တက်ရောက်ရန် အဆိုပြုခြင်းဟာ လက်တွေ့လေ့ကျင့်ခန်းရဲ့ သဘောသဘာဝကို နားမလည်ဘဲ သူလုပ်ချင်တာကို တောင်းဆိုတဲ့သဘောဖြစ်တဲ့အပြင် အာဆီယံနဲ့ အခြားနိုင်ငံများကို မထီမဲ့မြင်ပြုရာရောက်သဖြင့် စင်ကာပူရဲ့ အဆိုကို လက်မခံဘဲ Ban လိုက်ရပါတယ်။ အခြားအာဆီယံနိုင်ငံတွေက စည်းစည်းလုံးလုံးနဲ့ ပူးပေါင်း ဆောင်ရွက်နေတာကို စင်ကာပူတစ်နိုင်ငံတည်း ပဲ့ထွက်ပြီး ဖျက်မြင်းလုပ်တာဖြစ်ပါတယ်။



စင်ကာပူနိုင်ငံဟာ ADMM Plus EWG CT ရဲ့ပူးတွဲဥက္ကဋ္ဌတာဝန်ကို ၂၀၁၄ မှ ၂၀၁၆ အထိ တာဝန်ယူခဲ့ဖူးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ယခုလုပ်တဲ့ စားပွဲတင်လေ့ကျင့်ခန်းဟာလည်း ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် များစွာအထောက်အကူပြုတဲ့ နိုင်ငံစုံပူးပေါင်းလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါ တယ်။

ဒါကြောင့် ယခုလေ့ကျင့်ခန်းမှာ ဒေသတွင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှား ဆောင်ရွက်ခဲ့ဖူးတဲ့ စင်ကာပူရဲ့ ပျက်ကွက်မှုဟာ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးဆိုင်ရာ လုပ်ဆောင်မှု တွေမှာ ပူးပေါင်းရန် အားနည်းတဲ့သဘော သက်ရောက်တဲ့အပြင် အာဆီယံလမ်းစဉ်ကို သွေဖယ်ချိုးဖောက် ရာကျပြီး အာဆီယံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ရှက်ဖွယ် ကောင်းတဲ့ လုပ်ရပ်တစ်ခုလို့ မြင်မိပါတယ်။

#KT



Post a Comment

Previous Post Next Post