ကျပ် ၁၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

Views


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီချိန်ခန့်တွင် ပူးပေါင်းအဖွဲ့များသည် သတင်းအရ ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်သွား ကားလမ်းတွင် စစ်ဆေးခဲ့ရာ နားဆိုင်ကျေးရွာမှ နားကော်(၃) ရွာဘက်သို့မောင်းနှင်လာသော ယာဉ်မောင်း အားစော (ဘ) ဦးအားချာ၊ ယာဉ်နောက်လိုက် အားဂေါ်(ဘ) ဦးအားယာ TOYOTA Hilux (လိုင်စင်မဲ့) အနက်ရောင်ကားပေါ်တွင် -


(၁) အဖြူရောင် ဆာလာအိတ် (၆၀) အိတ်ခန့်အတွင်းမှ ဘိန်းဖြူ ဘလောက်တုံး (၁)တုံးလျှင် (၀.၃၅) ကီလိုခန့် (၅၀၀) တုံး၊ မြန်မာငွေ သိန်းပေါင်း ၂၆,၂၅၀ ခန့်။

(၂) စိတ်ပြောင်းဆေးဝါး မက်အက်ဖတ်တမင်း(ICE) ဟုယူဆရသော ၁ ကီလိုခန့်စီပါ (၁၅၀၂)ထုပ်၊ မြန်မာငွေ သိန်းပေါင်း (၁၂၀,၁၆၀)ခန့်။

(၃) စိတ်ပြောင်းဆေးဝါး ကတ်တမင်းဟု ယူဆရသော (၁) ကီလိုခန့်စီပါ (၅၅) ထုပ်၊ မြန်မာငွေ သိန်းပေါင်း ၄၆၇၅ သိန်းခန့်။

(၄) စုစုပေါင်း ငွေကျပ် ၁၅၁,၀၈၅ သိန်းခန့်။

(၅) M-16 သေနတ် (၁) လက်။

(၆) ကျည်အိမ် (၂)ခု။

(၇) ကျည် (၃၀) တောင့်။

(၈) M-22 သေနတ် (၁)လက်။

(၉) ကျည်အိမ် (၂)ခု။

(၁၀) ကျည် (၃၀) တောင့် တို့အား သိမ်းဆည်းရမိခဲ့ပါသည်။




-
စစ်ကြောချက်များအရ အဆိုပါမူးယစ်ဆေးဝါးများသည် TNLA အကြမ်းဖက်သောင်းကျန်းသူများ ပိုင်ဆိုင်သည့်ပစ္စည်းများဖြစ်ပြီး မြန်မာပြည်တွင်းရောင်းချရန်နှင့် ရခိုင်ပြည်နယ်မှတစ်ဆင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့ရန် ဖြစ်ကြောင်း သိရှိရသည်။


-
မူယစ်ဆေးဝါး ထုတ်ပိုးမှုပုံစံနှင့် အမှတ်တံဆိပ်များသည် “ဝ”နယ်မြေတွင် ထုတ်လုပ်သော မူးယစ်ဆေးဝါးများဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ပြီး ထုတ်လုပ်ရာအရင်းအမြစ်(Source) အား ဖော်ထုတ်နှိမ်နင်းနိုင်ရေး အစိုးရက ဆောင်ရွက်လျက်ရှိသည်။



KT

Post a Comment

Previous Post Next Post