ပျားအုံကို တုတ်နဲ့သွားထိုးတဲ့ ရေးဘီလူး

Views


ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ရေးမြို့နယ်၊ ခံသင်းတံတားတွင် အခြေပြုလျက်ရှိသည့် မွန်ငြိမ်းချမ်းရေးအဖွဲ့ဝင် ၃ ဦးအား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ကာ လက်နက်များပါ ယူဆောင်သွား ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်အား စုံးစမ်းရာ-

မွန်ငြိမ်းချမ်းရေးအဖွဲ့ဝင်များဖြစ်သူ နိုင်စိုးသူ၊ နိုင်ရမ်ဘိုနှင့် နိုင်ဖြိုးရာဇာတို့ ၃ ဦးမှာ ခံသင်းတံတားမှ အဖွဲ့ဝင်များအတွက် စျေးဝယ်ရန်ထွက်လာစဉ် စုံနံ့သာကျေးရွာ၊ ဘောလုံးကွင်းအနီးသို့ ရောက်ရှိချိန်၌ အကြမ်းဖက် ရေးဘီလူးအဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီး ဖြစ်စဉ်နေရာတွင် သေဆုံးသွားကြောင်းနှင့် ၎င်းတို့ပါလာသော လက်နက်ခဲယမ်းများပါ ယူဆောင်သွားခြင်း ခံခဲ့ရကြောင်း သိရှိရပါသည်။
-
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မွန်ငြိမ်းချမ်းရေးအဖွဲ့ဝင်များနှင့် ရေးဘီလူးအဖွဲ့တို့ ဆက်ဆံရေးမှာ ပိုမိုတင်းမာ သွားခဲ့ပြီး ရေးဘီလူးအဖွဲ့အား မွန်ငြိမ်းချမ်းရေးအဖွဲ့မှ ပြန်လည်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း စုံစမ်းသိရှိရ ပါသည်။

 

Saw Ba Maung

Post a Comment

Previous Post Next Post