PNLO/ PNLA သမိုင်းကြောင်း (သပွတ်အူ)

Views


၂၀၀၉ ခုနှစ်မှာ PPLA ဟာ နယ်စပ်မှာရှိတဲ့ ပအိုဝ်းအမျိုးသားလူငယ်အဖွဲ့ချုပ် (ခွန်မြင့်ထွန်း ခေါင်းဆောင်) ရလလဖ ခွဲထွက်အဖွဲ့ အစရှိတဲ့ အခြားပအိုဝ်းအဖွဲ့အစည်းတွေနဲ့ ပေါင်းစုပြီဂ PNLO/ PNLA ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ဆိုတဲ့ အမည်သစ်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဥက္ကဌက ဦးခွန်ဥက္ကာ ဖြစ်ပြီး ဒုဥက္ကဌ (၁) ခွန်သူရိန်၊ ဒုဥက္ကဌ (၂) ခွန်မြင့်ထွန်း တို့ဖြစ်ပါတယ်။
-
PNLA ဟာ ၂၀၁၃ မှာ ဦးသိန်းစိန်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တာမို့ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံးစတဲ့ နယ်တွေတဝိုက်မှာ တရားဝင်ဆက်ဆံရေးရုံးတွေနဲ့ သွားလာလှုပ်ရှားခွင့်ရခဲတာ တွေ့ရပါတယ်။ ၂၀၁၃ မှာ PNLA ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပြီး ခွန်မြင့်ထွန်းက ဥက္ကဌ၊ ခွန်သူရိန်က ဒုဥက္ကဌ၊ ဦးခွန်ဥက္ကာ ကိုတော့ ဦးဆောင်နာယက ဆိုပြီး ထားလိုက်ပါတယ်။


-
၂၀၁၅ မှာ PNLA က NCA လက်မှတ်ရေးထိုးတယ်။ နာယက ဦးခွန်ဥက္ကာက PPST တိုင်းရင်းသားမဟာမိတ် ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့မှာပါ တာဝန်ယူပါတယ်။
-
၂၀၁၉ မှာ PNLA ခေါင်းဆောင် အပြောင်းအလဲထပ်ဖြစ်ပြီး ခွန်သူရိန်က ဥက္ကဌ၊ ခွန်မြင့်ထွန်းက ဒုဥက္ကဌ ပြန်ဖြစ်သွားတယ်။ ဦးခွန်ဥက္ကာ ကတော့ နာယကပဲ။ ၂၀၂၁ နိုင်ငံရေးဖြစ်စဉ်နောက်မှာတော့ PNLA ဒုဥက္ကဌ ခွန်မြင့်ထွန်းက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ လက်နက်ကိုင်တိုက်ပွဲပြန်လည်ဖော်ဆောင်ဖို့လိုကြောင်း ပေါ်ပေါ်တင်တင် ပြောလာတယ်။ PPST မှာပါနေတဲ့ (ဦးခွန်ဥက္ကာ၊ လက်ရှိ PNLA ဥက္ကဌ ခွန်သူရိန်)နဲ့ ခွန်မြင့်ထွန်း တို့အကြားမှာ အကွဲအပြဲတွေ ပိုပြီးဖြစ်လာတယ်။
-
သထုံ NLD အမတ်ဟောင်း (၁၉၉၀ ရွေးကောက်ပွဲ) ခွန်မြင့်ထွန်းကို NUG အကြမ်းဖက်အဖွဲ့က စည်းရုံးမှုတွေ လုပ်ပြီး ဖဲ့ထုတ်ဖို့ ကြိုးစားလာတာ တွေ့ရတယ်။ ၂၀၂၂ နောက်ပိုင်းမှာ ခွန်မြင့်ထွန်း ခေါင်းဆောင်ပြီး PNFC ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းလိုက်တယ်။ NCA ကို ဆန့်ကျင်ကြောင်း တရားဝင်ကြေငြာတယ်။ PNLA ထဲက တပ်ဖွဲ့ဝင်အချို့ သူ့ဘက်ပါသွားတယ်။ PNFC ကို NUG က ထောက်ပံ့ပေးထားတယ်။ ဒါပေမယ့် ပြောပလောက်အောင် အင်အားမရှိဘူး။ PNDF ကို ကယားနယ်စပ်မှာဖွဲ့ပြီး KPDF တွေနည်းတူ NUG က ငွေကြေး/ လက်နက်ထောက်ပံ့မှုတွေ လုပ်ထားတယ်။
===== ဒါက ကိုသန်းလွင်ထွန်း ရေးထားတာ ======

အခု Online ပေါ်မှာ ပျံ့နေတဲ့ စာက အတုလား? အစစ်လား? မသိရသေးဘူး။
အစစ်ဆိုရင်တောင် ဦးခွန်ဥက္ကာ/ ခွန်သူရိန် တို့ထုတ်တာလား? ခွန်မြင့်ထွန်း ထုတ်တာလား? ဆိုတာတော့ စောင့်ကြည့်ရဦးမယ်။

KT

Post a Comment

Previous Post Next Post