AA နှင့် ARSA အဖွဲ့တို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း၌ သီးသန့်တွေ့ဆုံ

Views


မနေ့က AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် ARSA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့တို့ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဘင်္ဂါလီဒုက္ခသည် စခန်းတစ်ခု၌ သီးသန့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားရှိလျက်ရှိကြောင်း သိရှိရပါသည်။

-

ဆွေးနွေးပွဲသို့ AA အဖွဲ့၏ တပ်မဟာမှူးအဆင့်ရှိသူ တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီး တောင်မြို့နှင့် မောင်တောမြို့တို့အား AA အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ပြီးပါက ARSA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အား နယ်မြေများခွဲဝေသတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ ဘင်္ဂါလီဒုက္ခသည်များအား ပြန်လည်လက်ခံ၍ ရိုဟင်ဂျာလူမျိုးအဖြစ် လက်ခံပေးမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ဖြစ်ပွားနေသောတိုက်ပွဲများတွင် ARSA အဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ပေးရန် ဆွေးနွေး ခဲ့ကြောင်းသိရှိရပါသည်။

1 Comments

Previous Post Next Post