AA မှ စာသင်ကျောင်းတစ်ခုအား လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်

Views


AA အကြမ်းဖက်အဖွဲ့မှ မတ် ၁၃ ရက်နေ့နံနက်ပိုင်း ၉ နာရီခန့်က စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းအား လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် ခဲ့သောကြောင့် ကျောင်းဝန်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

-

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်းနှင့် စာသင်ခန်းများ ပျက်စီးဆုံးရှုံး ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းသိရသည်။

-

AA အကြမ်းဖက်အဖွဲ့အနေဖြင့် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းအား လက်နက်ကြီးကျည်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို၍ပြန်လာသော ကျောင်းသားတစ်ဦးနှင့် ကျောင်းသူ တစ်ဦးတို့တွင် ဗုံးစထိမှန်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

-

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး ယခု ဖြစ်စဉ်တွင်လည်း ၎င်းတို့၏ မဆင်မခြင် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့အနာဂတ်ဖြစ်သည့် ကလေးငယ်များ၏ ပညာရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို များစွာ ထိခိုက်စေ ခဲ့သည့်အပြင် ကျောင်းသားလူငယ်များအား စာမေးပွဲမဖြေခိုင်းဘဲ အတင်းအဓမ္မဖမ်းဆီးကာ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်း၍ သင်တန်း ပြီးပါက ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခြင်းများ နေ့စဉ်လုပ်ဆောင်လျက် ရှိနေသည်။

MinChitOo

Post a Comment

Previous Post Next Post