စစ်အုပ်ချုပ်ရေးဆိုသည်မှာ

Views



စစ်အုပ်ချုပ်ရေး၏ ဥပဒေ အဓိပ္ပာယ် ဖွင့်ဆိုချက်က မည်မျှပင်များပြားစေကာမူ အနှစ်ချုပ် ဆိုလိုရင်းက ရှင်းပါတယ်။ စစ်နယ်မြေမှူးသည် နယ်မြေတည်ငြိမ်အေးချမ်းစေရေးအတွက်

-အကုန်လုပ်ပိုင်ခွင့်ရှိသည်။

-တစ်သက်တစ်ကျွန်းပြစ်ဒဏ်အတွက် တိုင်းမှူး၏ အတည်ပြုချက်ကို ရယူရမည်။

-သေဒဏ်အတွက် တပ်ချုပ်၏ အတည်ပြုချက် ရယူရမည်။

*

နယ်မြေတည်ငြိမ်အေးချမ်းစေရေးအတွက် စစ်နယ်မြေမှူး၏ စစ်ဆင်ရေး၊ တရားစီရင်ရေး ဆောင်ရွက်ချက် များအားလုံးသည် ဥပဒေနှင့် ညီသည်။ တရားဝင်သည်ဖြစ်၍ မည်သည့် နောက်ကြောင်းပြန် အရေးယူမှုမှ မရှိစေရ။

*

အမိန့်စာကို နားလည်အောင်ရှင်းပြရရင် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်အားလုံးနစကရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ အဲ့ဒါ‌ကြောင့် အခုထုတ်ပြန်ခဲ့တဲ့ TNLA တပ်များ ရှိနေတဲ့ မြို့နယ် ၃ မြို့နယ်အပါအဝင် ကွတ်ခိုင်၊ နမ့်ခမ်း၊ လောက်ကိုင်၊ ကွမ်လုံတို့လို MNDAA အုပ်ချုပ်မှုအောက်မှာ ရောက်နေတယ်ဆိုတဲ့ မြို့နယ်တွေကိုလည်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားပြီးဖြစ်လို့ နစကက လက်မလွှတ်သေးဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။

*

အထူးဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ချက်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်က ဆုံးဖြတ်အတည်ပြုရတာဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ ရယူထားခြင်းဟာ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး အကြမ်းဖက် ရယူထားခြင်းဖြစ်လို့ ပြည်သူက လက်မခံသလို နိုင်ငံတကာကလည်း အသိအမှတ်မပြုနိုင်ဘူး ဆိုတာ သူပုန်တွေ နားလည်ထားသင့်ပါတယ်.....

*

ပျော်မနေကြနဲ့ သေချာပေါက်ပြန်တိုက်မယ်ဆိုတဲ့ သဘော....

Post a Comment

Previous Post Next Post