Views
ရန်သူ သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်အုပ်ချုပ်ရေး ကြေညာတော့ ဘာထူးမလဲလို့ ပြောကြသူတွေရှိတယ်။ ထူး မထူး ဆိုတာ ဒီကြေညာချက်ကို ကြည့်ရင် သိနိုင်ပါတယ်။ ရှေ့မှာလည်း TNLA က ကြေညာချက် တစ်စောင်ကို စိတ်ဓာတ်ကျ ညှိးငယ်စွာနဲ့ ထုတ်ပြန်ခဲ့တာကို ဖတ်လိုက်ရသေးတယ်။
-
နစကကို တရုတ်က ဘာဖိအားပေးထားတယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါပေမယ့် ရန်သူသိမ်း ပိုက်ထားတဲ့ မြို့တွေကို အသိမှတ်မပြုကြောင်း ကြေညာမယ်၊ နိုင်ငံတော်က ဖက်ဒရယ်ဒီမိုကရေစီစနစ် သွားမယ် ဆိုတဲ့ မူဝါဒ ကို ကြေညာထားပြီးဖြစ်လို့ စစ်ရေးအရ တိုက်ခိုက်မှုဟာ နိုင်ငံတော်မူဝါဒကို ဆန့်ကျင်တာဖြစ်လို့ ဒီအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာမယ်။ ပြီးရင် အခုလို ရန်သူသိမ်းပိုက် ထားတဲ့မြို့တွေကို စစ်အုပ်ချုပ်ရေး ကြေညာပြီး အသိမှတ်မပြုကြောင်း ပြမယ်။
-
ဒီမြို့တွေမှာ နေထိုင်ကြသူတွေကို အမြန်ဆုံးစွန့်ခွာဖို ကြေညာချက်ထုတ်မယ်၊ လိုအပ်ပါက လေယာဉ် ပေါ်ကနေ ဒီလက်ကမ်းစာစောင်တွေ ကျဲချပြီးနောက်ဆုံးစွန့်ခွာရမယ့် ရက်ကို သတ်မှတ်ပေးမယ်၊ ပြီးရင်တော့ တော့ ရန်သူသိမ်းပိုက်ထားတဲ့ မြို့တွေကိုလေယာဉ်နဲ့ ဗုံးကျဲချကာ စစ်တလင်းဗျူဟာ လုပ်သွားမယ်ဆိုရင် ရန်သူဟာ မျှော်လင့်ချက်ကင်းမဲ့ သွားပါလိမ့်မယ်။
-
ခက်နေတာက ဒိုင်လိုလို ဆရာလိုလို နဲ့ဝင်ပါနေတဲ့ တရုတ်ပဲ၊ တရုတ်ဟာ သူနဲ့ ပနံသင့်ပြီး သူ့အကျိုးစီးပွား အခြေတည်မဲ့ လမ်းကြောင်းတစ်လျှောက်ရှိ EAOs တွေကို အနိမ့်ဆုံး ကွန်ဖက်ထရိတ်မှသည် အမြင့်ဆုံး ခွဲထွက်စေဖို့ အထိ ရည်ရွယ် လုပ်ဆောင်နေတယ်လို့ မြင်မိတယ်။
-
ခွဲထွက်ဖို အလားအလာ ရှိနိုင်တာက ရခိုင်ပဲ၊ ပင်လယ်ထွက်ပေါက်နဲ့ ပထဝီနိုင်ငံရေး တန်ဖိုးကြီးမားမှုတွေ ကြောင့် ရခိုင် ဟာ ရှမ်းမြောက်ထက်ပိုပြီး စိုးရိမ်ရမယ့် အခြေအနေရှိပါတယ်။ ခွဲထွက်ခဲ့ရင်လည်း ရခိုင် လူမျိုးကို ဘင်္ဂလီက ဝါးမျိုးသွားနိုင်သလို နှစ်အနည်းငယ်အတွင်း ဘင်္ဂလားအောက် ရောက်သွားနိုင်ပါတယ်။
-
ဘာပဲပြောပြောပေါ့လေ၊ တရုတ်ကတော့ ဒိုင်လုပ်ရင်းနဲ့ မြန်မာ့မြေ၊ မြန်မာ့အချုပ်အခြာကို ရသလောက် သိမ်းယူသွားနိုင်ပါတယ်။
-
စေတနာမမှန်တဲ့ တရုတ်ရဲ့ ဒိုင်လုပ်မှုကို မြန်မာတွေ မသိသရွေ့ကတော့ မြန်မာ့အနာဂတ်က ရင်လေးစရာ ကောင်းပါတယ်။
အောင်နိုင်သူ(ဇွဲကပင်)