Views
၇၉ နှစ်မြောက် တပ်မတော်နေ့ မှာ ထူးထူးခြားခြားပြောစရာလေး ၂ ခု သတိထားမိသဗျ။
-
ပထမ တစ်ခုကတော့ အသက် ၁၀၂ နှစ်ရှိတဲ့ မော်ကွန်းဝင် အဘ ဦးမောင်မောင်က ဂျပန်တော်လှန်ရေး အတွေ့အကြုံတွေကို လက်သီးလက်မောင်းတန်းပြီး ပြောပြနေတဲ့ မြင်ကွင်းနဲ့ နောက်တစ်ခုကတော့ တပ်မတော်နေ့ စစ်ရေးပြစစ်ကြောင်းတွေနဲ့အတူ ဝတ်စုံပြည့်နဲ့ အတူလျှောက်တဲ့၆ နှစ်လောက်ကလေး တစ်ယောက်ပါပဲ။
-
သာမန်အားဖြင့် ၁၀၂ နှစ်ထိ အသက်ရှည်ဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။ အသက်ရှည်ဦးတော့ ခုလို ပွဲလမ်းတွေတက်ဖို့ ခက်ခဲပါလိမ့်မယ်။ ပွဲလမ်းတွေ သာမန်တက်နိုင်စေဦးတော့ ဦးမောင်မောင်လို တော်လှန်ရေးအကြောင်း လက်သီးလက်မောင်းတန်းပြီး လူရွယ်တစ်ယောက်လိုပြောနိုင်ဖို့ ပိုပြီး ခက်သွားပါပြီ။
-
သူက ဘာကြောင့် ပြောပြချင်ရပါသလဲ?
နိုင်ငံလွတ်လပ်ရေးအတွက် သူငယ်စဉ်က ဘယ်လို လုပ်ဆောင်ခဲ့တယ်ဆိုတာကို မျိုးဆက်သစ်တွေကို အတွေ့အကြုံ အမွေပေးရင်း နိုင်ငံကို ကာကွယ်ဖို့ တိုက်တွန်းချင်လွန်းလို့ပါ။ သတိမချွတ်ယွင်းသေးတဲ့ အဘဦးမောင်မောင်လည်းလက်ရှိနိုင်ငံရဲ့ အခြေအနေကို အားလုံးမဟုတ်တောင်ထိုက်သင့်သလောက်တော့ သိနေမှာပါ။
-
ဒီတော့ သူလည်းစိတ်ပူရှာပါလိမ့်မယ်။ သူတို့တိုက်ယူခဲ့တဲ့ လွတ်လပ်ရေး မဆုံးရှုံးရလေအောင် မျိုးဆက်သစ်တွေ ကာကွယ်ကြဖို့ ဦးမောင်မောင် ကိုယ်စား ပြောချင်ပါသဗျ။
-
စစ်ရေးပြလျှောက်တဲ့ ၆ နှစ်သားလေးကတော့ အဘဦးမောင်မောင်ကို သိရှာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ မိဘ နှစ်ပါးက သူ့သားလေးကို ဒီလိုပုံစံဖြစ်အောင် လေ့ကျင့်ပေးခဲ့တာက ကျန်သူတွေ နမူနာ ယူစရာသိပ်ကောင်းပါတယ်။ မိမိအနေနဲ့ ကလေးကို ချစ်ပါတယ်။ ချီးကျူးပါတယ်။ သူ့မိဘတွေကိုတော့ လေးစားပါတယ်။
-
အခြားအဆင့်ပင်ဖြစ်လင့်ကစား ကလေးရဲ့ ဝါသနာကို အကုန်အကျခံဖြည့်ဆည်း မြေတောင်မြှောက်ပေးရင်း စစ်တပ်ထဲ မဝင်ချင်သူတွေ ရှက်တတ်လာအောင် ဝင်ချင်သူတွေကိုလည်း အမြန်ဝင်ချင်လာအောင် လုပ်ပြသွားတာပါပဲ။
-
ဒါကြောင့် အဘဦးမောင်မောင်လို အသက် ၁၀၀ ကျော်တာတောင် အောင်လံမလှဲတဲ့ စိတ်ဓာတ်၊ စစ်ရေးပြလျှောက်တဲ့ ၆ နှစ်သားလေးလို အရွယ်မရောက်သေးတဲ့ ကလေးဖြစ်နေတာတောင်မှ စစ်စိတ် စစ်သွေးတွေ ပြည့်နေတဲ့ ပုံစံ။
-
အဲဒါတွေကို ပြည်သူတွေ အများစု သိမြင်လာရင် နိုင်ငံအနာဂါတ်ကို စိတ်အေးရပါပြီ ခင်ဗျား။
Crd