Views
နွေဦးတော်လှန်ရေး မအောင်မြင်ရတဲ့
အကြောင်းအရင်းတွေကတော့
ပန်ဆယ်လိုတို့လို ရန်ပုံငွေ အကြောင်းပြ
လုပ်စား၊ လိမ်စားတဲ့ လူတွေ
များပြားနေလို့ ဖြစ်သလို....
မြို့၊ ရွာအသီးသီးမှာ
လူမရှိပဲ နာမည်အမျိုးမျိုးပေး
တိုက်ပွဲအတု၊ ဖြစ်စဉ်အတုတွေ ဖန်တီးကာ
အာသာဖြေအောင်ပွဲခံနေသူတွေ ရှိနေလို့
လည်းဖြစ်ပါတယ်။
-
လတ်တလော ဟာသသတင်းတစ်ပုဒ်ကတော့
အရပ်ဘက်က ဆီတင်သင်္ဘောငယ်တစ်စီး
ပေါ့ဆမီးကြောင့် မီးလောင်ပေါက်ကွဲတာကို
ရဲရဲတောက်တော်လှန်ရေးသမားကြီးတွေက
ရေငုတ်ပြီး TNT ယမ်းနဲ့ စကစရဲ့
လေယာဉ်ဆီတင် ဧရာမသင်္ဘောကြီးကို
ဖေါက်ခွဲလိုက်တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။
-
ပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းအတွင်း
အာသာဖြေ၊ အလှူခံလုပ်စားအဖွဲ့က
သူတို့လုပ်သလိုလို သတင်းဖြန့်မှုကို
ထုံးစံအတိုင်း သတင်းစိစစ်မှုမရှိဘဲ
နီပိတ်တွေ ဝိုင်းလှော်လိုက်လို့
ပြည်ပက ပန်ဆယ်လိုတို့လို
နိုင်ငံပျက်စီးရင် ဝမ်းသာအားရ
ဖြစ်သူတွေရဲ့ တားမနိုင် ဆီးမရ ပို့စ်တွေ
တက်လာတာ အံ့ဩဖွယ်မြင်တွေ့ရပါတယ်။
-
သူတို့က ထပ်ပြီး ချဲ့ကားလိုက်တော့
နေ့ချင်း ညချင်း တိုင်းပြည်မှာ
စက်သုံးဆီတွေ ပြတ်လပ်တော့မလို
ကောလာဟလတွေ ထွက်ပေါ်လာပါ
တော့တယ်။
-
ဖြစ်စဉ်အမှန်သတင်းတွေ
ထွက်လာချိန်မှာတော့
ဝမ်းသာအားရ ပို့စ်တင်သူတွေ
ေ-ာက်ပေါဖြစ်ပြီး၊
သတင်းစတင်သူတွေရဲ့ အလိမ်အညာ
မိသွားတဲ့ ပြည်ပရောက်ဝရမ်းပြေး
NUG နဲ့ ပန်ဆယ်လိုတို့ အုပ်စုကတော့
သနားစရာဖြစ်သွားပါတယ်။
-
အာသာဖြေ၊ လိမ်ညာနေတဲ့
တိုက်ပွဲသတင်းတွေ၊ စစ်ဘက်မဟုတ်တဲ့
အရပ်ဘက်ပစ်မှတ်ကို တိုက်ခိုက်တဲ့
သတင်းတွေကြောင့် ပြည်သူတွေက
ရွံမုန်းလာတာ အားလုံး သတိပြုမိနေကြပြီ
ဖြစ်ပါတယ်။