မနေနိုင်လို့ ရေးပါသည်

Views

 




ခေတ်သစ်မီဒီညာကရေးထားတာက တပ်မတော်အရာရှိကြီးတွေနဲ့ ဇနီးတွေကိုတမင် သိက္ခာကျအောင် ရေးမှန်းသိသာပေါ်လွင်စေတဲ့အရေးအသားတွေကို ထောက်ပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ ဗိုလ်မှူးချုပ်တင်စိုးနဲ့ အစ်မက ကျနော့မိတ်ဆွေရင်းဖြစ်နေလို့ပဲ။

-

ပထမအချက် ဗိုလ်မှူးချုပ်တင်စိုးက ကျန်းမာရေးအခြေအနေကြောင့် ဂေါ့ဖ်မရိုက်တာ တော်တော်ကြာပီ ..

ဒုတိယအချက် ဇနီးသည်နဲ့ ဘယ်သွားသွားအတူသွားလေ့ရှိတဲ့သူ၊ ဇနီးမပါတဲ့ခရီးဆိုလို့ ရှေ့တန်း ထွက်တာပဲရှိတယ်။

တတိယအချက် အဲ့ဒီအစ်မက သူတို့ရေးသလို ရိုက်နှက်ဖို့နေနေသာသာ ကျနော်တို့နဲ့ စကားပြောရင်တောင်လေသံမာသွားတာမကြားဖူးဘူး။

စတုထ္တအချက် ဗိုလ်မှူးချုပ်တင်စိုးနဲ့ ဗိုလ်မှူးချုပ်ကျော်စိန်ထွန်းသည် မယားညီအစ်ကိုမဟုတ်ဘူး။

ပဉ္စမအချက်ကတော့ လုံးဝငြင်းလို့မရတဲ့အချက်ပဲ ပြင်ဦးလွင်မှာ ဌေးဌေးကြွယ်ဆီဆိုင်ပဲရှိတယ် ဌေးဌေးကြွယ် ပျိုးဥယျာဉ်ဆိုတာရှိကိုမရှိဘူး။

-

ဥပ​ဒေသင်တန်းဆိုတာကလည်း စည်းကမ်းကြီးတယ် အရာရှိကြီး​တွေပင်ဖြစ်​ပေမယ့် တပ်ပြင်ထွက်ချင်​တောင် တာဝန်ရှိတဲ့သူ ခွင့်တိုင်၊ ခွင့်ပြုမိန့်ရမှ သွားလာရတာ။ မီဒီညာကိုပြောချင်တာက လိမ်ချင်ရင် ဒေတာသေချာစုဆောင်း (ဥပမာ.. ဂေါ့ဖ်အမြဲတမ်းကစားနေတဲ့သူပေါ့ဗျာ) အခုကနံမည်ကြားဖူးတဲ့ ဗိုလ်မှူးချုပ်ထည့်ရေးတယ်။ ဟိုဆရာက ကျန်းမာရေးအရဂေါ့ဖ်မကစားတဲ့သူဆိုတော့ ဂွမ်းကြလေ သတည်းပေါ့ဗျာ။

-

ကိုယ့်အလုပ်နဲ့ကိုယ် မအားပါဘူးဆိုနေမှ ခွေးသစ်ဂျင်းသတင်းတွေ့လို့ ရေးမိပြန်ပြီ .. တော်တော် စောက်လုပ်ရှုပ်တဲ့ ခွေးသစ်။

Post a Comment

Previous Post Next Post