Views
ကျောက္ကချားရွာကြီးဟာ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စုအောက်မှာ ပါဝင်တဲ့ ပအိုဝ်းရွာကြီး တစ်ရွာဖြစ်ပါတယ်။ ပအိုဝ်းလူမျိုးတို့ရဲ့ ယဉ်ကျေးမှုပြတိုက်ကြီးဖြစ်ရုံတင်မက ပအိုဝ်းလူမျိုးတို့ရဲ့ သမိုင်းကြောင်းကို ပြသနေတဲ့ အထင်ကရ ရွာကြီးတစ်ရွာပေါ့။ အဲဒီရွာကြီးရဲ့ ကံကြမ္မာက အလှည့်အပြောင်းဖြစ်သွားတာ ကျွန်တော်ပအိုဝ်းလူမျိုးတစ်ယောက်အနေနဲ့ ရင်ထုမနာဖြစ်ရပါတယ်။
-
အဓိက တရားခံကတော့ ပအိုဝ်းအမျိုးသား သစ္စာဖောက် ခွန်သူရိန် (PNLA အဖွဲ့)ပါ။ ခွန်သူရိန်က ဆီဆိုင်မြို့ကို သိမ်းချင်တော့ ကယားဘက်ထဲက ကယန်း/ပဒေါင် အကြမ်းဖက် (KNDF/KNPP) တွေကို ခေါ်လာပြီး ကျောက္ကချားရွာမှာ စစ်အခြေစိုက်စခန်း (Base) ထိုင်တယ်။ အဲဒီကနေ ဆီဆိုင်မြို့ကို ဖျက်လို ဖျက်ဆီးသွားလုပ်ကြတယ်။ တိုက်ပွဲမှာ PNLA/KNDF အဖွဲ့က သေဆုံး/ဒဏ်ရာရသူတွေကို ကျောက္ကချားရွာ ကိုလာပြီး မြေမြှပ်တယ်၊ ဒဏ်ရာရသူတွေကို ဆေးကုတယ်။
-
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဒေသခံရွာသားတွေကို အနိုင်ကျင့်နှိပ်စက်တယ်၊ သူများပိုင် ကျွဲနွား ကြက်ဝက်တွေကို အဓမ္မသိမ်းယူတယ်၊ အဓမ္မလူသစ်ဆွဲတယ်။ ဒါက ခွန်သူရိန်ရဲ့ PNLA အဖွဲ့က လုပ်တာပါ။ ကယန်း/ပဒေါင် အကြမ်းဖက်အဖွဲ့က ပိုပြီးဆိုးတယ်။ အိမ်တွေကို ဖောက်ခိုးတယ်၊ ဈေးဆိုင်တွေကို ဖောက်တယ်၊ ပအိုဝ်းယဉ်ကျေးမှုအမွေအနှစ် သမိုင်းအမွေအနှစ်ကို ဖျက်ဆီးတယ်၊ ဘာသာရေးအဆောက်အဦ တွေကို ဖျက်ဆီးတယ်။ တော်တော်ရိုင်းတဲ့ ကယားအကြမ်းဖက်တွေပေါ့။ မထင်ရင် မထင်သလို အိမ်တွေကို မီးရှို့တော့ ကျွန်တော်တို့ပအိုဝ်းတွေအနေနဲ့ ပြန်လည်း မပြောရဲဘူး။ ပြန်ပြောရင် အိမ်မီးရှို့ခံရမယ့်အပြင် အသက်အိုးစားကွဲမယ့် အပေါက်ပေါ့။
-
ကျွန်တော် ညတိုင်းအိပ်မပျော်ဘူးဗျာ။ ခွန်သူရိန်က ဘာလို့များ ကယားဘက်က အရိုင်းအစိုင်းတွေခေါ်လာပြီး ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးတွေကို ဖျက်ဆီးနေရတာလဲပေါ့ .. အခုလို အတွေးတွေက ညတိုင်း .. ညတိုင်းပါပဲ။ ဝဋ်ကြွေးတွေရှိရင် မြန်မြန်ကျေပါစေလို့ ဆုတောင်းရင်း။
Crd. Khun Lay Linn
#ကေတီ