Views
တရုတ်ကို ဝိုင်းပတ်ပိတ်ဆို့ရေးအတွက် တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်မြန်မာကို ချုပ်ကိုင်နိုင်ဖို့ အမေရိကန်က ကြိုးစားတယ်။
-
တရုတ်ကလည်း မြန်မာကတစ်ဆင့် သူ့နယ်စပ်၊ သူ့အကျိုးစီးပွား မထိခိုက်ဖို့အတွက် မြန်မာနယ်စပ်မှာ Proxy အဖြစ် တိုင်းရင်းသားလက်နက်ကိုင်တွေမွေးထားတယ်။
-
ဒါ့ကြောင့် ပထဝီနိုင်ငံရေးအရ အရေးပါနေတဲ့ မြန်မာကို ချုပ်ကိုင်နိုင်ဖို့လုပ်နေတဲ့ မဟာအင်အားကြီး နှစ်နိုင်ငံရဲ့ အားပြိုင်မှုကြောင့် မြန်မာဟာ မြေဇာပင်ဖြစ်နေရပြီး မြန်မာ့ပြည်တွင်းရေး မငြိမ်မသက်ဖြစ်ရ ခြင်းနဲ့ လက်နက်ကိုင် သက်ဆိုးရှည်ရခြင်းဟာလည်း ပြည်ပနိုင်ငံကြီးများရဲ့ စွက်ဖက်လွှမ်းမိုးချုပ်ကိုင် ထောက်ပံ့ပေးမှုဟာ အဓိကသော့ချက်ဖြစ်နေပါတယ်။
-
တစ်နည်းအားဖြင့် တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တရုတ်အပေါ် လုံးဝဥဿုံ မှီခိုနေကြရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီး တရုတ်ကလည်း မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေးတွေမှာ သူ့နယ်စပ်က လက်နက်ကိုင်တွေကို Proxy လုပ်ပြီးမြန်မာနိုင်ငံကို ထိန်းချုပ်ထားတာ အားလုံးအသိဖြစ်ပါတယ်။
-
ဒါ့ကြောင့်လည်း အမေရိကန်ဟာ မြန်မာ-တရုတ်နယ်စပ် တိုင်းရင်းလက်နက်ကိုင် အဖွဲ့တွေကို ဖဲ့ထုတ်ပြီး တရုတ်-မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် CIA အဖွဲ့တွေက တရုတ်နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအတွင်း စိမ့်ဝင်ထိုးဖောက် စည်းရုံးနေတာလည်း မြင်တွေ့ကြရမှာဖြစ်ပါတယ်။
(အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်)