"ဝ"ကို ရန် စ လိုက် တဲ့ MNDAA

Views


ကိုးကန့် MNDAA တပ်မမှုးတဦးမှ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မြောက်မိုင်း အခြေဆိုက်ရာ နမ့်တစ်မြို့တွင်းမှ စစ်ပြေးဖမ်းစီးသည့် ဝ စစ်သားတဦးအား ထိုးနှက်ခြင်းနှင့် ပါတ်သက်၍ နမ့်တစ်ကောင်စစ်ဝန်ရုံးက ၎င်း MNDAA တပ်မမှုးကို ကိုယ်တိုင်လာရောက်တောင်းပန်ရန်နှင့် ထိခိုက် နစ်နာသော "ဝ"စစ်ပြေးဖမ်းစီးသည့် စစ်သားအားလာရောက်လျှော်ကြေးပေးရန် တရားဝင်သတိပေး လိုက်ပါသည်။

-

အသက် ၂၄ နှစ်အရွယ်ရှိ လီကျွင်းဆိုသော "ဝ"စစ်သားအဖွဲ့မှ လောက်ကိုင် မြို့တွင်းသို့ဝင်ရောက်၍ စစ်ပြေးများကိုဖမ်းစီးချိန်တွင် WNT-00331 570 ကားမှ KK P-1050 ကားကိုမတော်တဆ တိုက်မိရာကနေ မတော်တဆတိုက်မိသည့် ဝ စစ်သားသည် ကိုးကန့်MNDAA ၏ ယာဉ်မောင်းကိုးကန့်စစ်သားကို မိမိ၏ ရာထူးနဲ့ တာဝန်ကိုပြောကြားသော်လည်း လက်မခံဘဲ ဖုန်းဆက်၍ MNDAA 211 တပ်မမှုး လက်အောက်ရှိတပ်သားများက ထိုနမ့်တစ်မြို့ကနေ စစ်ပြေးလာဖမ်းသည့်စစ်သားကို ဖမ်းစီးထိုးကြိတ် ရိုက်နှက်မှု့ဖြစ်ပွား၍ တရက်တာအကျဉ်းချထားကာ 3 လပိုင်း 5 ရက်နေ့က လောက်ကိုင်သို့ထွက်ခွါ၍ 3 လပိုင်း 6 ရက်နေ့ နမ့်တစ်မြို့သို့ပြန်ရောက်ကာ မြို့နယ်တိုင်းစစ်ဌာနရုံးသို့ ထိုဖြစ်စဉ်များကို တိုင်ကြားခဲ့ရာကနေ နမ့်တစ်အခြေစိုက် တိုင်းစစ်ရုံးမှ ကိုးကန့် MNDAA 211 တပ်မမှုးကိုယ်တိုင် လာရောက်တောင်းပန်ရန်နှင့် ထိုလီကျွင်းဆိုသည့် UWSA စစ်သားလေးအား လျှော်ကြေးပေးရန် သတိပေး စာများထုတ်ပြန်ကြေညာခြင်းနှင့် "ဝ"ပြည်TV/ချန်နယ်ကနေ တရားဝင်ထုတ်ပြန်ထားသော်လဲ ကိုးကန့်တို့ ဘက်မှ မည်သည့်တစစုံတရာအကြောင်းပြန်ခြင်းမရှိသေးပါ။ ထိုဖြစ်စဉ်နဲ့ပါတ်သက်ပြီး "ဝ"ဘက်က တာဝန်မယူပါက မိမိတို့ဘက်မှ ထိရောက်စွာတုန့်ပြန်သွားမည်ဟု သတိပေးထားပါသည်။

-

ထိုအရေးနဲ့ပါတ်သက်ပြီး ဝ ပြည်သားများက ဘယ်နားရောက်ရောက် ကိုးကန့်တွေက ဖင်-ယားနေပါတယ်ဆိုပြီးပေါက်ကွဲသံများထွက်ပေါ်လာနေပါတယ်။ MNDAA အနေနဲ့ ဖုန်တာရွင် ဒီအရေးကို ဘယ်လိုကိုင်တွယ်မှာလဲ....?ဆိုတဲ့မေးခွန်းဖြစ်လာတယ်။ ပြီးတော့ MNDAA သည် UWSA ရဲ့ ဇနဲ့ပါဝါကိုမသိနားမလည်တာလားဆိုတာကိုပြသနေတာလားဆိုတာ မကြာမီအဖြေပေါ်လာပါလိမ့်မယ်။ "ဝ"ကိုပါထပ်ပြီး ရန်ရှာရင် MNDAA တို့ဘဝ ပိုမိုအထီးကျန်ပြီး အန္တရာယ်ကြီးမားလာနိုင်တယ်။

-

ဒီကိစ္စနဲ့ပါတ်သကိပြီး ချင်းရွှေဟော်-နမ့်တစ်တံတားကို UWSA ဘက်မှ အချိန်အကန့်သတ်မရှိ ကိုးကန့် ဘက်က ကူးသန်းလာတဲ့ KK နံပါတ်နဲ့ကားများကို သေချာစိစစ်သွားပြီး အထက်အမိန့်ကျတာနဲ့ KK နံပါတ်ရော ကိုးကန့်ဘက်ကလာသူများကို "ဝ"ပြည်ထဲ ဝင်ရောက်ခွင့်မပြုတော့ဘူးလို့ နမ့်တစ် ဘက်ကခိုင်မာတဲ့သတင်းထွက်ပေါ်နေပါတယ်။

Post a Comment

Previous Post Next Post