Views
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ PDF ထဲဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ ပြည်သူ အရပ်သားလူငယ်နှစ်ဦးကို PDF တွေက သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက ပြောပါတယ်။
-
“ PDF ထဲဝင်ဖို့ မကြာမကြာလာခေါ်ကြတယ်။ မလိုက်ရင်သတ်လိုက်ကြတာ နှစ်ကြိမ်သုံးကြိမ်ရှိနေပြီ” လို့ အဆိုပါဒေသခံတစ်ဦးက ပြောပါတယ်။
-
ဖြစ်စဉ်မှာ မတ်လ ၃ ရက်၊ နေ့လည် ၁၁ နာရီအချိန်က လမ်းဘေးမှာ သူငယ်ချင်းနှစ်ယောက် အရက်အတူ သောက်နေချိန် PDF ၄ ဦးရောက်ရှိလာပြီး PDF ထဲဝင်ဖို့ စည်းရုံးပြောဆိုတာကို အဲဒီလူငယ်နှစ်ဦးက မဝင်လိုကြောင်း ငြင်းဆန်ခဲ့တာကြောင့် အခုလို သေနတ်နဲ့ပစ်သတ်သွားခဲ့တာဖြစ်ပါတယ်။
-
ပြီးခဲ့တဲ့ မတ်လ ၁ ရက်၊ ညနေ ၄ နာရီအချိန်ခန့်ကလည်း တပ်ဦးသီတာရပ်ကွက်၊ အေးချမ်းမေတ္တာ ဆေးရုံရှေ့ ဗိုလ်ချုပ်လမ်းပေါ်မှာ သွားလာနေတဲ့ အရပ်သား ၆ ဦးကို PDF ၄ ဦးက သေနတ်နဲ့ချိန်ပြီး ဖုန်း ၆ လုံး၊ ရွှေနားကပ်တစ်စုံနဲ့ ဘဏ်ကဒ်တွေကို ယူသွားကြတယ်လို့ သိရပါတယ်။
#မြန်မာ့ဂုဏ်