ရန်သူ့ Psy-war ကို Boost မလုပ်မိစေနဲ့

Views


အခုနောက်ပိုင်း သူပုန်တွေရဲ့ လုပ်နည်းလုပ်ဟန်လေးကို သတိထားမိတယ်။

-

(၁) မြို့သိမ်း/ စခန်းသိမ်းလုပ်တော့မယ်ဆိုရင် သူပုန်တွေက ပြည်ဖျက်မီဒီယာ အားကိုးနဲ့ အဖွဲ့ပေါင်းစုံ အင်အား ထောင်ချီ/ သောင်းချီ ချီတက်လာပြီဆိုတဲ့အကြောင်း အရင်ဆုံး ဝါဒဖြန့်တယ်။ ပြည်သူတွေ ထွက်ပြေးအောင်ရယ်၊ လုံခြုံ ရေးအဖွဲ့တွေ ခြောက်ခြားအောင်ရယ်လို့။

-

(၂) ပြည်သူတွေထွက်ပြေးတော့မှ စခန်းတွေ၊ ဌာနချုပ်တွေကို အိမ်တွေထဲကနေပြီး ပစ်တယ်။ တပ်က ပြန်ပစ်ရင် “ပြည်သူတွေရဲ့ အိမ်တွေကို ပစ်ပါတယ်” ၊ သူပုန်သေရင် အလောင်းကို အရပ်ဝတ်လဲပေးပြီး “ပြည်သူ” ပါဆိုပြီး ပြည်ဖျက်မီဒီယာတွေကတစ်ဆင့် အော်ကြတယ်။

-

(၃) ခုခေတ်သူပုန်တွေမှာ အလောင်းကောက်အဖွဲ့ဆိုတာ သီးသန့်ရှိတယ်။ လက်နက်မကိုင်ထားဘူး။ သေဆုံးသူပုန် အလောင်းတွေကို ကားကြီးကားငယ်တွေနဲ့ ကဲ့ပြီး တောထဲမှာ သွားမြှပ်ကြတယ်။ မြှပ်နေတုန်း ဓာတ်ပုံရိုက်ဖို့ မစဉ်းစားနဲ့ ရိုက်မိရင် သေနတ်စာမိရောပဲ။ သူတို့လုပ်တာ မှန်တယ် .. တစ်ဖက်ရန်သူ စိတ်ဓာတ် မတက်ကြွတော့သလို သူတို့အချင်းချင်းလည်း စိတ်ဓာတ်မကျတော့ဘူး။ တိုက်တိုင်းအောင် ပါဝါရိန်းဂျားတွေလို ပြည်ဖျက်မီဒီယာတွေကနေ ဝါဒဆက်ဖြန့်ကြတယ်။

-

တကယ်တမ်းမြေပြင်မှာတော့ စခန်းတက်သိမ်းတာ ယောက်ခမအိမ်တက်တာမှ မဟုတ်တာ .. ဘယ်လွယ်ပါ့မလဲ? .. အကြိမ်ကြိမ်လန်ကျ .. ထွေးကနဲ ထွေးကနဲ အုံလိုက်ကျင်းလိုက်ကျ .. လေယာဉ်လာရင် အလဲလဲအကွဲကွဲ ထွက်ပြေး .. အလောင်းတွေ ဆွဲပြေး .. ဆုံးရှုံးမှုက စခန်းမှာထိုင်ပြီးပစ်နေတဲ့သူထက် အများကြီး ဆုံးရှုံးပါတယ်။ (မြေလျှိုး မိုးပျံနိုင်ရင်တော့ မပြောတတ်ပါ)

-

“စစ်လာ တစ်ထောင်၊ စစ်ခံ တစ်ရာ” ဆိုတာ ရှေးလူကြီးတွေက အလကားရေးခဲ့တာမှ မဟုတ်တာ။

-

အခုဆို ဆီဆိုင်ဘက်မှာ ဝင်နေတဲ့ KNDF (ပဒေါင်)သူပုန်တွေ ဆုတ်ခွာဖို့ တိုင်ပင်နေကြပြီ။ လွိုင်ကော်၊ ဖားဆောင်း၊ ဒီးမော့ဆို ဆိုတာကလည်း ငြိမ်လို့ ပြားလို့ .. အဝေးက လာပစ်တာကလွဲပြီး ဘာသံမှ မကြားရ။

-

မနေ့တစ်နေ့ကမှ ဇောင်းထတဲ့ KIA တွေဆို အလောင်းတွေ အုံလိုက်ကျင်းလိုက် ကားတွေနဲ့သယ်ပြီး သူတို့ စခန်းကုန်းတွေမှာ ၁၀ ယောက်တစ်ကျင်းနှုန်း မြှပ်နေကြရပြီ .. အကြီးပိုင်းဆိုရင်တော့ လိုင်ဇာထိသယ်ပြီး မသာကို ရေချိုး/သနပ်ခါးလိမ်းပေးကြတယ်။ KIA အကြီးပိုင်းတွေ သေတာ လက်နှစ်ဖက်ပြည့်တော့မယ်။

-

မြဝတီတို့ သင်္ကန်းညီနောင်တို့ဘက်ကို ဝင်ပြီးအကြမ်းဖက်တဲ့ KNLA/PDF တွေဆို သူတို့အလောင်းတွေကို ဒူးရင်းခြံထဲမှာ မြှပ်တာ အများကြီးပဲ။ ဒူးရင်းသီးနံ့နဲ့ အပုပ်နံ့နဲ့က ရောနေရော .. မယုံရင် သွားကြည့်လို့ရတယ်။

-

ပြည်ဖျက်မီဒီယာတွေရဲ့ Psy-war သတင်းတွေကို မြင်ပြီး တပ်မတော်ချစ်သူတွေကလည်း စိုးရိမ်လို့ Online ကနေပြန်ဖော်ပြ။ သူပုန်တွေကတော့ သူတို့ Psy-war သတင်းတွေကို Boost လုပ်ပေးလို့ ကျေးဇူးတင်နေကြမှာ အမှန်ပဲ။

-

ဒါကြောင့် ပြောချင်တာကတော့ ပြည်သူတွေရော၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရော၊ တပ်မတော်ချစ်သူတွေရော Online ပေါ်မှာတွေ့တဲ့သတင်းတွေကို အလွယ်တကူမယုံဖို့၊ စိုးရိမ်မှု မလွန်ကဲကြပါနဲ့လို့ မေတ္တာဖြင့် စေတနာ ထား ဖော်ပြလိုပါတယ်။ (မည်သူ့ကိုမှ စော်ကားလိုခြင်းမရှိပါ)

#KT

Post a Comment

Previous Post Next Post