ဘုံသဘောတူညီချက်မဟုတ်တဲ့ အာဆီယံရဲ့ ထုတ်ပြန်ချက် ၅ ချက်

Views


နစကအစိုးရတက်လာပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အာဆီယံထိပ်သီးအစည်းအဝေးခေါ်ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး ဘာကြောင့် တိုင်းပြည်တာဝန်ကို တပ်မတော်က လွှဲပြောင်းရယူခဲ့ရတယ် တစ်နည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာကို ခေတ္တထိန်းရတယ်ဆိုတဲ့အကြောင်း အာဆီယံခေါင်းဆောင်တွေကို ရှင်းပြခဲ့ပါတယ်။

-

အဲဒီအစည်းအဝေးအပြီးမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်( Five Points Consensus) ဆိုပြီး အိမ်ရှင် အင်ဒိုနီးရှားက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကမ္ဘာကို အသိပေးခဲ့ပါတယ်။

-

အမှန်တကယ် မြေပြင်ဖြစ်ရပ်မှန်ကတော့ အဲဒီဘုံသဘောတူညီချက် ၅ ချက်ကို အဲ့ဒီအစည်းအဝေးမှာ ဆွေးနွေးပြောဆိုခြင်းမရှိဘဲ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ကာယကံရှင် မြန်မာနိုင်ငံကို အသိမပေးဘဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

-

တစ်နည်းအားဖြင့် အဲ့ဒီ ၅ ချက်ဟာ အစည်းအဝေးသဘောတူညီချက်အရ ထုတ်ပြန်တာမဟုတ်ဘဲ အိမ်ရှင်နိုင်ငံရဲ့ အပေါင်းအပါတစ်ချို့က အစည်းအဝေးအပြီးမှာ ကာယကံရှင်မသိဘဲ ထုတ်ပြန်ခဲ့လို့ ဘုံသဘောတူညီချက်မဟုတ်ပါဘူး။

-

အဲ့ဒီထုတ်ပြန်ချက် ၅ ချက်ထဲမှာ နစကအစိုးရ လိုက်ပါလုပ်ဆောင်ရမယ့် အချက်တွေကို တစ်ဖက်သတ် ဖိအားပေးခိုင်းစေထားတဲ့အချက်တွေ ပါရှိပါတယ်။

-

ဒါကြောင့်လည်း နစကအစိုးရက အဲ့ဒီ ၅ ချက်ကို မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်တိုးတက်မှုများနဲ့ အချုပ်အခြာအာဏာအရသာ လိုက်နာပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ အကြံပြုချက်များကို လက်ခံ သော်လည်း အာဆီယံပဋိညာဉ် မူဘောင်ထဲက မြန်မာနည်း၊ မြန်မာ့ဟန်နဲ့သာ ဖြေရှင်းသွားမှာဖြစ်ကြောင်း တုံ့ပြန်ထားရှိပါတယ်။

-

ဒါ့အပြင် မေ ၁၅ နေ့က နစက ဥက္ကဋ္ဌကြီးကို လာတွေ့တဲ့ အာဆီယံကိုယ်စားလှယ်ကြီးတွေကိုလည်း “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှန်တွေကိုသိရှိအောင် လုပ်ဖို့လိုအပ်ကြောင်းနဲ့ နစကအစိုးရအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု” တွေကို ရှင်းလင်းပြောကြားလိုက်ပါတယ်။

-

ဘုံသဘောတူညီချက်မဟုတ်တဲ့ အာဆီယံရဲ့ ထုတ်ပြန်ချက် ၅ ချက်( Not Five Point Consensus Really ASEAN Statements)အနေနဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လို့ မိမိနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအခြေအနေတွေအပေါ် မူတည်ပြီး ကိုယ်ပိုင်လုပ်ထုံးလုပ်နည်း၊ မြန်မာ့နည်း၊ မြန်မာ့ဟန်(Myanmar-owned and led solution) ဖြင့်သာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိစေချင်ပါတယ်။



#ခင်ညိုချော

Post a Comment

Previous Post Next Post