Views
KIA အဖွဲ့က စစ်ဦးစီးချုပ် ခေါင်လွမ်း(ဂွတို) မိုးမောက်မြို့သိမ်းတိုက်ပွဲမှာ လက်နက်ကြီး ထိမှန်သေဆုံး ခဲ့ခြင်းကို အသည်းကင်ဆာဖြင့် လိုင်ဇာမြို့တွင် သေဆုံးကြောင်း KIA အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် KIA တပ်ဖွဲ့အတွင်း သဘောထားလွဲမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။
-
KIA အဖွဲ့အနေဖြင့် ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ဗန်းမော်တောင်ဘက် မံစီမြို့နဲ့ ဗန်းမော် မြောက်ဘက် မိုးမောက်မြို့ကို မေလဆန်းပိုင်းကစပြီး အပြင်းအထန်တိုက်ခိုက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင် များရဲ့ ဝိုင်းပတ်တိုက်ခိုက်မှု၊ အမြောက်လေကြောင်းပစ်ကူများဖြင့် ချေမှုန်းတိုက်ခိုက်မှုများကြောင့် KIA အဖွဲ့ထိခိုက်ကျဆုံးများပြားလျက်ရှိပါတယ်။
-
အဲဒီတိုက်ပွဲတွေကို ခေါင်လွမ်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲတိုက်ခိုက်နေခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့က မိုးမောက်တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် KIA ၂၀၀ ဦးခန့် ကျဆုံးသွားခြင်းမှာ တာဝန်ရှိသူ ခေါင်လွမ်းကို KIO ဥက္ကဋ္ဌ အင်ဘန်လက အပြစ်တင်ပြောဆိုခဲ့ပြီး မိုးမောက်တိုက်ပွဲကို အနီးကပ်ကြပ်မတ်ဖို့ တာဝန်ပေးခဲ့ကြောင်း သိရပါတယ်။
-
ဒါကြောင့် ခေါင်လွှမ်းဟာ တိုက်ပွဲအတွေ့အကြုံရှိသူပီပီ၊ သူ့ရဲဘော်တွေ ကျဆုံးမှုများတာကို မခံချင်စိတ်၊ အင်ဘန်လရဲ့ဖိအားပေးမှုကို မလွန်ဆန်နိုင်မှုတို့ကြောင့် မေလ ၁၂ ရက်နေ့က စတင်ပြီး မိုးမောက်မြို့နဲ့ ကျောက်စခန်းကြားရှိ KIA တပ်ဖွဲ့များ နဲ့အတူ ရှိနေစဉ် မေလ ၁၃ ရက်နေ့လည်ပိုင်းမှာ စစ်တပ်ဘက်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။
-
ဒဏ်ရာပြင်းထန်တဲ့ ခေါင်လွမ်းကို လိုင်ဇာမြို့သို့ ဆေးကုသရန် သယ်ဆောင်စဉ် လမ်းခရီးမှာပဲ သေဆုံးခဲ့ပြီး အလောင်းကို လိုင်ဇာမြို့ကို အဝင်မခံဘဲ လိုင်ဇာမရောက်ခင် ဂျာဒူကောင်းစခန်းမှာ အလောင်းကို ပြင်ဆင် ထားခဲ့ပါတယ်။
-
ခေါင်လွမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ခြင်းကို မံစီနဲ့ မိုးမောက်မြို့ကို တိုက်ခိုက်နေတဲ့ KIA တပ်ဖွဲ့ဝင်များကြားသိပါက စိတ်ဓာတ်ကျနိုင်သဖြင့် KIA အဖွဲ့က ထုံးစံအတိုင်း အနောက်မီဒီယာများကို အသုံးချပြီး လိုင်ဇာမြို့မှာ အသည်းရောဂါနဲ့ သေဆုံးကြောင်း သတင်းအမှားများ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါတယ်။
-
လွန်ခဲ့တဲ့ ၂ လလောက်က လူကောင်းပကတိ မြင့်မားတဲ့ တောင်ထိပ်တပ်စခန်းတွေကို လိုက်လံစစ်ဆေး နေတဲ့ ခေါင်လွမ်းဟာ အသည်းကင်ဆာနဲ့ ချက်ခြင်းသေဆုံးခဲ့ရပြီး ဆေးဝါးကုသမှုလည်းမရှိသလို သေဆုံးအလောင်းဟာလည်း လိုင်ဇာမြို့ပေါ်မှာ မဟုတ်ဘဲ တောထဲက KIA တပ်ရင်းအဆင့် ဌာနချုပ်မှာ ဖြစ်နေလို့ KIA ရဲ့ လိမ်လည်ထုတ်ပြန်မှုအပေါ် မယုံကြည်သူများပြားခဲ့ပြီး ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။
-
ဒီလိုလိမ်လည်ထုတ်ပြန်ခြင်းကြောင့် ခေါင်လွမ်းရဲ့ သေဆုံးမှုဟာ ရိုးသားခြင်းမရှိဘဲ ယခင်ကတည်းက KIA ထိပ်ပိုင်းခေါင်းဆောင်များကြား တရုတ်အဖွဲ့၊ အမေရိကန်အဖွဲ့ ကွဲပြဲမှု အက်ကြောင်းများ သိသာလာ ခဲ့ပါတယ်။
-
ခေါင်လွမ်းဟာ ခေါင်းမာသူ၊ စစ်ရေးအတွေ့အကြုံရင့် စစ်သားကောင်းဖြစ်လို့ KIA လက်အောက်ငယ်သားများ ချစ်ခင်လေးစားသူဖြစ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ အရက်အလွန်အကျွံကြိုက်ပြီး အမြဲတမ်းမူး နေတတ်သလို အင်ဘန်လ ၊ ဂမ်ရှောင်တို့ ရဲ့ အမိန့်များအတိုင်း အတိအကျမလိုက်နာတတ်သူဖြစ်ပါတယ်။
-
ဒါကြောင့် တိုက်ပွဲအတွင်း သေဆုံးရတဲ့ KIA သူရဲကောင်းတစ်ဦးကို သာမန်ရောဂါနဲ့သေဆုံးကြောင်း သတင်းလိမ်လည်မှုအပေါ် KIA တပ်ဖွဲ့ဝင်များအကြား မကျေနပ်မှုများရှိနေလို့ သူ့ရဲ့ သဂြိုလ်ပွဲကို စည်စည် ကားကားဖြစ်အောင် စီမံလုပ်ဆောင်လျက်ရှိပါတယ်။
-
တရုတ်ကို အားမကိုးလိုတဲ့ ခေါင်လွမ်းသေဆုံးခြင်းဟာ အမေရိကန်ဘက်ယိမ်းနေတဲ့ ဂွမ်မော်နဲ့ NUG အဖွဲ့အတွက်တော့ ခေါင်လွမ်းသေဆုံးမှုဟာ သူတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။
-
ခေါင်းဆောင်ပိုင်းမှာ အပြန်အလှန်လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အစဉ်အလာကြီးမားတဲ့ KIA အဖွဲ့အနေနဲ့ ယခုKIA ထိပ်တန်းခေါင်းဆောင်ကြီးတစ်ဦး တိုက်ပွဲကျဆုံးခြင်းကို လိမ်လည်သတင်းထုတ်ပြန်ခြင်းဟာ ရိုးသားမှုမရှိဘဲ အချင်းချင်းသဘောထားမတိုက်ဆိုင်မှုများကြောင့် စစ်ဦးစီးချုပ်အဆင့်ကို မြေပြင်အနီးကပ် တိုက်ပွဲမှာ ရောက်အောင်လုပ်ပြီး ပညာသားပါပါ ရှင်းလင်းပစ်ခြင်းလားဆိုတဲ့ ထင်မြင်ယူဆချက်များလည်း ထွက်ပေါ်လျက်ရှိပါတယ်။
-
တိုက်ပွဲအတွင်း အသက်စွန့်သွားတဲ့ အမေရိကန်ယိမ်း NUG ဘက်တော်သားကြီး ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း(ဂွတို) ဘုရားသခင်ကောင်းချီးပေးပါစေ။
#ခင်ညိုချော
မင်းတို့လိမ်တာတွေ မင်းတို့ခွေးထောက်ခံသူတေပဲယုံမယ်
ReplyDelete