စဉ်းစားကြတော့

Views


မြန်မာနိုင်ငံလက်ရှိဖြစ်နေတာတွေက ယူကရိန်းနိုင်ငံလိုဖြစ်လာတယ်။

-

ယူကရိန်းအရှေ့ဖက်ဒေသ လူးဟန့်နဲ့ ဒွန်းနက်တို့က ရုရှားစကားပြောတဲ့သူ အများစုနေထိုင်ကြတယ်။ ၂၀၁၄ ယူကရိန်းမှာ အမေရိကန်ယိမ်းတဲ့ ဇလင်စကီးတို့ပါတီ အမေရိကန်ထောက်ခံပံ့ပိုးပေးတဲ့ လိမ္မော်ရောင် တော်လှန်ရေးနာမည်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားရဲ့ထောက်ခံမှုနဲ့ယူကရိန်းအစိုးရကို ပုန်ကန်မှုတွေ ပြင်းထန်ခဲ့ကြတယ်။

-

ယူကရိန်းအစိုးရကလည်း သူပုန်တွေကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပြီး ခွဲထွက်မယ့်ကိစ္စကို တားတယ်။ အဲ့လိုနှိပ်ကွပ်တော့ ရုရှားက သူ့လူမျိုးတွေထိခိုက်တယ်ဆိုပြီး အမြဲကန့်ကွက်တယ်။ သို့ပေမဲ့ သူ့နိုင်ငံထဲက ခွဲထွက်ချင်တဲ့ သူပုန်ကို သူ့အစိုးရက နှိပ်ကွပ်တာ ရုရှားအနေနဲ့ဝင်ပါလို့မရဘူး။

-

ဒီလိုအခြေအနေမှာ ဇလင်စကီးက အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ထဲ ဝင်မယ်လို့လုပ်တယ်။ ရုရှားက မဝင်ဖို့တားတယ်။ အမေရိကန်ကြိုးဆွဲအစိုးရဆိုတော့ ဇလင်စကီးက အတင်းနေတိုးအဖွဲ့ထဲဝင်မယ်လုပ်တော့ ရုရှားက သူ့နိုင်ငံလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ဝင်စစ်တိုက်တယ်။

-

ရုရှားကျူးကျော်ဖို့ ခေါင်းစဉ်ရသွားတယ်။

-

ယူကရိန်းအရှေ့ပိုင်းခွဲထွက်ချင်နေတဲ့ လူးဟန့်နဲ့ ဒွန်းနက်ဒေသကို ရုရှားကသိမ်းပြီးတော့ အဲ့ဒီဒေသမှာ ဆန္ဒ ခံယူပွဲလုပ်ပြီး ရုရှားနဲ့ပူးပေါင်းပါမယ်လို့ ဖြစ်သွားစေတယ်။

-

ယူကရိန်းကော အမေရိကန်ကော ဘာမှမတတ်နိုင်တော့ဘူး။

-

မြန်မာနိုင်ငံ ရှမ်းမြောက်ဒေသလည်း ပုံစံတူဖြစ်လာတယ်။

-

လက်ရှိမြန်မာနိုင်ငံမြောက်ပိုင်း မြန်မာစစ်မှာ တရုတ်က လက်နက်ကော နည်းပညာကော (FN6 တွေ၊ ဒရုန်းတွေ) လူကော ဖိအားကော အကုန်ပေးနေတယ်။

-

မြန်မာနိုင်ငံက လက်နက်ကိုင်သူပုန်အားလုံးကလည်း မြန်မာနိုင်ငံကနေခွဲထွက်ဖို့ အတွက်ချည်းပဲ ဆောင်ရွက် နေခဲ့ကြတယ်။ အခုဆို တရုတ်လက်အောက်မှာ နေမယ်ဆိုတဲ့ ဗြောင်ကျကျ လော်ဘီတွေပါ ပေါ်လာတယ်။

-

တရုတ်ခင်းတဲ့လမ်းက သိသိသာသာပုံစံပေါ်လာပြီ။ ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာနိုင်ငံတရားဝင်အစိုးရနဲ့ ဘယ်တော့မှမပတ်သက်တော့ပဲ ဝ ဒေသလို စိတ်ကြိုက်လုပ်လို့ရဖို့ နယ်မြေတွေကိုသူ့လက်ဝေခံတွေဆီ ထည့်ပေးလိုက်တာ။

-

သူစီစဉ်တဲ့အတိုင်း မလုပ်ပေးရင် သူ့နိုင်ငံထဲကျည်ဆံကျတယ်၊ သူ့နိုင်ငံသားတွေ အသက် အိုးအိမ် စည်းစိမ်ကိုထိခိုက်ပါတယ်ဆိုပြီး ယူကရိန်းကို ရုရှားဝင်တိုက်သလို ဗြောင်ဝင်လာလိမ့်မယ်။

-

ပြီးရင်နယ်မြေတွေရသွားတဲ့ တရုတ်လက်ဝေခံတွေက ဆန္ဒခံယူပွဲတောင်လုပ်မှာ မဟုတ်တော့ပဲ တရုတ်နဲ့ ပူးပေါင်းပါမယ်လို့ လုပ်လာကြလိမ့်မယ်။

-

သူ့နိုင်ငံထဲကျည်ဆံကျဖို့ကို ကိုးကန့်တို့က လုပ်ပေးလိမ့်မယ်။ တလောက ကိုးကန့်တွေ တရုတ်နိုင်ငံထဲ ဒုံးကျည်နဲ့ ပစ်နေတဲ့ Vdo ထွက်လာတာကြည့်မိတဲ့ သူတွေသိကြတယ်။

-

မြန်မာစစ်တပ်က အခုတရုတ်တို့ခိုင်းသလို လုပ်မပေးရင် တရုတ်နဲ့တိုက်ရိုက်စစ်ဖြစ်ရပြီး ယူကရိန်း အရှေ့ပိုင်း ဒေသလိုဖြစ်မှာပဲ။

-

တရုတ်ကလည်း ကျားဖြန့်ဆိုတဲ့ခေါင်းစဉ်ရသွားတယ်။ တစ်ခုခံသာနေတာ မြန်မာက တရုတ်နိုင်ငံ လုံခြုံရေးကို မခြိမ်းခြောက်သလို တရုတ်ကလည်း မြန်မာနိုင်ငံထဲ သူ့အကျိုးကိစ္စတွေရှိနေလို့ ချင့်ချိန်နေတာ။ မြန်မာပြည်သူတွေကို သွေးတိုးစမ်းနေတာ။

-

တရုတ်လုပ်မယ့်အကွက်က ချင်ချင်းရုရှားလုပ်သလိုလုပ်မှာ မဟုတ်ဘူး။ အမေရိကန်တို့ ဟာဝါရီကျွန်းကို သိမ်းသလို လုပ်လိမ့်မယ်။

-

ရှမ်းမြောက်မှာ တရုတ်တို့ဒေသခံတွေနဲ့ အိမ်ထောင်ပြုတာတွေ ဧည့်နိုင်ငံသားတွေ အနေနဲ့အလုံးအရင်း ဝင်လာပြီး မျိုးဆက်(Generation)သစ်တစ်ခုရောက်ရင် ဒေသတွင်းမွေးတဲ့ ရှမ်းမြောက်သားတရုတ်တွေ နိုင်ငံရေးစစ်ရေးထဲဝင်ပါပြီး ရှမ်းမြောက်ကို တရုတ်နဲ့ပူးပေါင်းပါတယ်လို့ ဖြစ်လာစေလိမ့်မယ်။

-

မြန်မာနိုင်ငံသားအစစ်တွေက ရှမ်းမြောက်ရဲ့နိုင်ငံရေး၊ စစ်ရေးတွေမှာ ပြောခွင့်ဆိုခွင့်ရှိတဲ့သူတွေ ဖြစ်တော့မှာ မဟုတ်ဘူး။

-

သဘောက သိမ်းထားတဲ့ရှမ်းမြောက်ဒေသတွေမှာ တရုတ်လက်ဝေခံ လက်နက်ကိုင်နဲ့ အဆက်တွေပဲနိုင်ငံရေး စစ်ရေးကို ဦးဆောင်သွားတော့မယ်။ အရပ်သားတွေငြိမ်ခံနေရုံပါ။

-

ဒီလမ်းကြောင်းကြောင့် ရှမ်းပြည်မြောက်ပိုင်းက နှစ်သုံးလေးဆယ်အတွင်း တရုတ်နိုင်ငံ တရားဝင်ဖြစ်သွား လိမ့်မယ်။ တရုတ်ရဲ့အကွက်ကိုမြင်အောင်ကြည့်။ ဘယ်မှာလဲ ဖက်ဒရယ်ဒီမိုကရေစီ၊ ဘယ်မှာလဲ နွေဦးတော်လှန်ရေး။

-

မသိနားမလည်ဘဲ တတ်ယောင်ကားဝင်ပါနေပြီး မဟုတ်ကဟုတ်ကတွေ လျောက်ပြော၊ လျောက်မြှောက်ပေး၊ လျောက်ထောက်ခံနေကြတဲ့သူတွေ နည်းနည်းစဉ်းစားကြသင့်ပြီ။ ကိုယ့်အချင်းချင်းချနေတာ ဝင်မပါပါဘူး။ အခုက တရုတ်နဲ့ဖြစ်နေရပြီး ယူကရိန်းလိုပုံဖော်ခံနေပြီ ဆိုတာတော့ သိဖို့ကောင်းတယ်။

-

မြန်မာနိုင်ငံက ပျက်စီးသလောက်ဖြစ်သွားပြီ။ တချို့ပြန်အဖတ်ဆယ်လို့ မလွယ်တော့ဘူး။ ကိုယ့်နိုင်ငံကို မဆုံးရှုံးစေချင်ဘူးဆိုရင် မြန်မာနိုင်ငံမြေပုံ ပြောင်းသွားတဲ့အထိ တရုတ်လုပ်နေတယ်ဆိုတဲ့ထိ တွေးထား ရလိမ့်မယ်။

-

တချို့တွေရေလိုက်လွဲနေကြတယ်။

-

မြန်မာနိုင်ငံဒေသတချို့ တရုတ်ဆီနိုင်ငံပဲ့ပါသွားတော့မယ်ဆိုတာကို ငါတို့နိုင်တယ် ထင်နေကြတာ အံ့သြ စရာပါ။ လောလောလတ်လတ် ယူကရိန်းစစ်မပြီးသေးဘူး လေ့လာကြပေါ့။

-

ဖြစ်နေတာတွေကို ထောင့်ပေါင်းစုံကစဉ်းစားကြည့်။ တချို့အဖြေတွေ သံသယ ဖြစ်စရာတွေ တွေ့လိမ့်မယ်။

-

ဒါကဖြစ်နေတဲ့ အခင်းအကျင်းကို တွေးပြတာ။ တကယ်ဖြစ်လာရင် တရုတ်နဲ့ မြန်မာပြည်သူတွေက ရုရှားနဲ့ ယူကရိန်းလိုဖြစ်ပြီပေါ့။



မိုးတင့်ဆွေ(ရန်ကုန်တက္ကသိုလ်)

Post a Comment

Previous Post Next Post