PNLA အကွဲအပြဲ

Views

 

PNLA အကွဲအပြဲ (နောက်ဆုံးအခြေအနေ)

ခွန်သူရိန်က ကယားဘက်က အစွန်းရောက် အကြမ်းဖက်အဖွဲ့ KNDF/PDF တွေကို ခေါ်လာပြီး ကိုယ့်ဒေသဖြစ်တဲ့ ပအိုဝ်းရွာတွေမှာ တိုက်ပွဲဖော်လို့ ပအိုဝ်းဒေသခံတွေ မကျေမနပ်ဖြစ်နေကြတယ်။

-

ဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်လာတော့ ကယား KNDF/PDF တွေက ပအိုဝ်းဒေသခံတွေ ပိုင်ဆိုင်တဲ့ အိမ်တွေ၊ ဆိုင်တွေကနေ အဖိုးတန်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူပြီး မီးတင်ရှို့တယ်။ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေကိုလည်း Drop Bomb ခု ဖျက်ဆီးနေတယ်။ အလွန်ငြိမ်းချမ်းခဲ့တဲ့ ပအိုဝ်းလူမျိုးတွေ စစ်ဘေးရှောင်နေကြရပြီ။

-

ဆီဆိုင်မှာ တိုက်တော့ PNLA အဖွဲ့အကုန်မပါဘူး။ ခေါင်းဆောင်ပိုင်းအချို့နဲ့ တပ်ရင်းအချို့က ကိုယ့်မြို့၊ ကိုယ့်လူမျိုးကို ပြန်မတိုက်ဘူး၊ ဒုက္ခမပေးဘူးဆိုပြီး ခွန်သူရိန်ရဲ့ အမိန့်ကို မနာခံကြ၊ မပူးပေါင်းကြဘူး။ PNLA ဌာနချုပ်ကို ပြန်ခြိမ်းခြောက်နေကြတယ်။ ခွန်သူရိန် တော်တော်ဒေါသထွက်နေတယ်။

-

အာဏာဖီဆန်လို့ဆိုပြီး လက်လှမ်းမီရာခေါင်းဆောင်အချို့ကို ရှင်းလင်းပြီး အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ခွန်သူရိန် ကြိုးစားနေတယ်။

-

ပအိုဝ်းလူမျိုးတွေကို မငဲ့ညှာ၊ ဆရာတော်သံဃာတော်တွေရဲ့ စကားကို နားမထောင်ခဲ့တဲ့ ခွန်သူရိန် PNLA အဖွဲ့ရဲ့ လုပ်ရပ်ကို မကြိုက်လို့ ခွန်မောင်၊ အောင်ထူး၊ ခွန်ကြော၊ သန်းမောင်၊ ခွန်သူရနဲ့ ခွန်ကံတို့ ခေါင်းဆောင်တဲ့  PNLA တပ်ရင်း၊ တပ်ဖွဲ့တွေက ခွဲထွက်ဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။



Post a Comment

Previous Post Next Post