ရှင်းရှင်းလင်းလင်း ထုတ်ပြန်ချက်ပေးဖို့လိုပြီ

Views


ဦးခွန်ဥက္ကာနဲ့ ခွန်သူရိန်တို့ကရော နစက ဘက်ကပါရှင်းရှင်းလင်းလင်းထုတ်ပြန်မှုတွေမရှိသေးဘူး ..
-
ဟိုပုံးလက်နက်ဖြစ်စဉ်အပြီး တောင်ကြီးမှာရှိတဲ့ PNLA ဆက်ဆံရေးရုံးတာဝန်ခံ ၃ ဦးကို နစက က ခေတ္တခေါ်ယူ စစ်ဆေးပြီးပြန်လွှတ်ပေးခဲ့တာမို့ ဒီအရေးမှာ PNLA အနေနဲ့ပါဝင်ခြင်းမရှိဘူးလို့ နစက ကယူဆပုံရတယ်..
-
ဒီနယ်ထဲမှာ ခွန်မြင့်ထွန်း PNFC အဖွဲ့နဲ့ PNDF, KNDF တွေဆီပို့တဲ့လက်နက်တွေ ကြားဖြတ်ဖမ်းမိခဲ့တာ အရင်ကလည်းရှိခဲ့တယ်.. အခုတခေါက်မှာတော့ လက်နက်သယ်ယူသူတွေဟာ PNLA ယူနီဖောင်းဝတ်ပြီး အယောင်ဆောင်ထားသူတွေလား (ဒါမှမဟုတ်) ခွန်မြင့်ထွန်းဘက်ကိုကူးပြောင်းလိုတဲ့ PNLA အဖွဲ့ဝင်တချို့ ဖြစ်မယ်လို့ပဲ ယတိပြတ်ယူဆလို့ရနိုင်တယ် ..
-
PNLA တပ်ဖွဲ့ဝင်တွေဟာ NCA သဘောတူညီချက်အရ နယ်မြေအတွင်း လွတ်လပ်စွာသွားလာခွင့်ရှိတယ်ဆိုတဲ့ အချက်ကို လက်နက်သယ်သူတွေက အခွင့်ကောင်းယူဖို့ကြိုးစားခဲ့တာဖြစ်တယ်.. ၂၄ ဇန်နဝါရီ ၂၀၂၄ မှာစတင်တဲ့ ဆီဆိုင်မြို့တိုက်ပွဲတွေဟာ NUG ကကြိုတင်ပြင်ဆင်ထားပေးတဲ့စစ်ဆင်ရေးဆိုတာထင်ရှားတယ်..
-
ဟိုပုံးမြို့နယ်အတွင်းမှာ ကြားဖြတ်ဟန့်တားနိုင်ခဲ့တဲ့လက်နက်တွေသာ အခုခေါင်းဆောင်တိုက်နေတဲ့ PNFC, PNDF, KDNF တွေဆီရောက်သွားခဲ့ရင် ဒီတိုက်ပွဲဟာပိုမိုပြင်းထန်ဖို့ပဲရှိတယ်.. တိုက်ပွဲဖြစ်တဲ့ နောင်ထောင်ရွာဟာအရင်က ဦးတာကလယ်ဦးဆောင်တဲ့ ရလလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့) ပအိုဝ်အဖွဲ့ရဲ့နေရာလဲဖြစ်တာမို့ အခုနောက်ပိုင်းချိနဲ့နေပြီး နစက ကသိပ်အရေးမစိုက်တော့တဲ့ ရလလဖ အဖွဲ့လက်ကျန်တွေလဲတိုက်ပွဲမှာပါနိုင်တယ်..
-
မီဒီယာအများစုကတော့ ဆီဆိုင်မြို့ကိုဝင်တိုက်တာဟာ PNLA ပအိုဝ်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ဖြစ်တယ်လို့ ရောထွေးဖေါ်ပြနေကြတာတွေ့ရတယ်.. ခွန်မြင့်ထွန်းဦးဆောင်တဲ့ PNLA တပ်တွေလို့ ဓါတ်ပုံအဟောင်းတွေ တင်ပြီးရေးနေကြတာတွေလဲရှိတယ် ..
-
အဲဒါကတော့မှားပါတယ် .. PNLA ရဲ့ခေါင်းဆောင်က ခွန်သူရိန်ပါ.. နာယက က အခုထိ PPST တိုင်းရင်းသား ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့မှာပါဝင်နေဆဲဖြစ်တဲ့ ဦးခွန်ဥက္ကာပါ.. PNLA ဒုဥက္ကဌဟောင်း ခွန်မြင့်ထွန်းဟာ ၂၀၂၂ နှောင်းပိုင်းကထဲက PNLA နဲ့ကင်းကွာပြီး PNFC ပအိုဝ်အမျိုးသားကောင်စီနဲ့ လက်နက်ကိုင်တပ်ကို ထူထောင်ထားသူဖြစ်တယ်.. NUG ရဲ့အထောက်ပံ့ခံနဲ့ ဩဇာခံလို့လဲပြောလို့ရတယ်..
-
မီဒီယာတွေဟာ PNLA နဲ့ နစက အကြား NCA သဘောတူညီချက် ပျက်ပြားသွားပြီလားဆိုတဲ့ မေးခွန်းကိုမဖြေနိုင်သေးဘဲ တဖက်ကတိုက်နေတဲ့အဖွဲ့ဟာ PNLA တပ်ဖွဲ့ဝင်တွေလို့ ယတိပြတ်ပြောနေကြတာ ကတော့ "အလောတကြီးကောက်ချက်ဆွဲမှု"လို့ပြောရပါလိမ့်မယ်..
-
အင်္ဂလိပ်အီဒီယံအသုံးမှာတော့ "Jump the gun" လို့ခေါ်ပါတယ်.. မီဒီယာသမားအစစ်အမှန်နဲ့ အယ်ဒီတာတွေ အမြဲသတိထားရမဲ့အချက်တခုပါ.. လူထုအနေနဲ့လဲ စစ်မှန်တဲ့မီဒီယာနဲ့အရည်အသွေးပြည့် အယ်ဒီတာတွေ တည်းဖြတ်ထားတဲ့သတင်းတွေကိုပဲ ယုံသင့်ပါတယ်..
-
ဦးခွန်ဥက္ကာနဲ့ PNLA ခေါင်းဆောင်ခွန်သူရိန်တို့ထွက်ပြောလာရင်တော့ ဒီကိစ္စရှင်းသွားမှာပါ..



#သန်းလွင်ထွန်း

Post a Comment

Previous Post Next Post