တိုက်ပွဲသတင်းထုတ်ပြန်ချက်

Views

 




ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။



(၁) ရှမ်းပြည်နယ်၊ မိုးမိတ်မြို့အတွင်း နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ KIA+PDF ပူးပေါင်း ၈၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-

(၂) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာကျေးရွာရှိ ခလရ(၁၂၃) သို့ နေရာ ၄ နေရာမှ KIA သောင်းကျန်းသူ ၁၂၀ ဦးခန့်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-

(၃) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမူတုံရပ်ကွက်အနီး လုံခြုံရေးဆောင်ရွက်စဉ် အရပ်ဝတ် ဝတ်ဆင်ထားသော မသင်္ကာဖွယ် အမျိုးသား ၂ ဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးစဉ်-



>>> KIA သောင်းကျန်းသူ ၂ ဦး(အရှင်) ဖမ်းဆီးရမိခဲ့



စစ်ဆေးဖော်ထုတ်ချက်အရ မူဆယ်မြို့တော်ရွက်ရပ်ကွက်ရှိ ဦးအားဝါ၏ နေအိမ်သို့ သွားရောက်ရှင်းလင်းခဲ့ရာ နေအိမ်အတွင်းမှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး နေအိမ် အတွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့။



>>>အကြမ်းဖက် ၁ လောင်း၊ KIA သောင်းကျန်းသူအဖွဲ့မှ တပ်သားအဆင့်ရှိ ကျား ၂ ဦး၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့။

-

(၄) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်စဉ် အမှတ်(၇) ရပ်ကွက်သို့အရောက် KKO( ခွဲထွက်) နှင့် PDF ပူးပေါင်းအဖွဲ့ ၁၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။



>>>အကြမ်းဖက်အလောင်း ၃ လောင်း၊ လက်နက် ၄ လက်၊ကျည် ၂၅၉ တောင့်၊ ကျည်အိမ် ၂ ခု၊ ကျည်ခါးပတ်တွဲ ၁ ခု သိမ်းဆည်းရမိခဲ့။

-

(၅) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် AA သောင်းကျန်းသူ ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။



>>>ရန်သူလက်နက် ၃ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၅၀ တောင့်၊ အမ်အေ(၁၀)ဗုံးသီး ၁ လုံး သိမ်းဆည်းရမိခဲ့။

-

(၆) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘုရားကုန်း၊ နဒင်ကုန်းနှင့် တောင်ကြားကုန်းများသို့ AA သောင်းကျန်းသူများမှ လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-

#တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post