ဇန် ၂၆ ရက်နေ့ ဆီဆိုင်မြို့ တိုက်ပွဲအခြေအနေ

Views


၀၆၃၅ ချိန် ခမရ ၄၂၄ အိမ်ထောင်သည်လိုင်းဘက်မှ ရန်သူ စတင်ပစ်ခတ်ရာမှ ထိတွေ့မှုဖြစ်၊ ဗဟိုကင်း တောင်ဘက်၊ အရှေ့တောင်ဘက် တောထဲမှလည်း ခမရ ၄၂၄ အား ပစ်အားများ။
-
၀၆၃၅ ချိန်မှစတင်၍ အလားတူ ခမရ ၄၂၃ အား ပစ်ခတ်နေရာမှ ၀၈၀၀ ချိန် ခမရ ၄၂၃ တွင်အပစ်ရပ်။
-
လက်ရှိ ခမရ ၄၂၃/၄၂၄ နှင့် မြို့အနီးဝန်းကျင်၌ ရန်သူအင်အား ၆၀၀ ကျော်ရှိပြီး KNDF/PDF/PNLA အပါအဝင် ကယားပြည်နယ် အခြေစိုက် ခွန်မြင့်ထွန်း၏ ပအိုဝ့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်) PDF(KK) အဖွဲ့များလည်း ပူးပေါင်းမှုရှိ။
-
၀၉၁၅ ချိန် လေယာဉ်ဖြင့် ဆီဆိုင်မြို့ပေါ်ဝဲနေ။
-
၀၉၄၀ ချိန် လေကြောင်းမှတစ်ဆင့် ရန်သူ အခြေပြုနေသည့် ခမရ ၄၂၄ အနီးဝန်းကျင် ဗုံး ၂ လုံးချ။
-
၁၀၁၀ ချိန် ဆိုက်ခေါင်မြို့နယ် လွယ်ပွတ်ကျေးရွာဘက်မှ တပ်မတော်စစ်ကြောင်းများ စစ်ကူများ တက်လာသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိ။
-
၁၀၃၀ ချိန် PNLA မှ ဗကအဆင့်ရှိသူ မိုးကျော်မှ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အလောင်းများ၊ ထိခိုက်ဒဏ်ရာရသူများအား လွယ်တဖီးတောင်ကြောဘက်သို့ ပြန်လည်သယ်ထုတ်ရန် စီစဉ်နေကြောင်း “ဝ” ခေါင်းဆောင်တစ်ဦးထံ ပြောကြားလျက်ရှိ။

#တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post