လဝါးလမ်းဆုံ တိုက်ပွဲထပ်မံဖြစ်ပွား

Views


ယနေ့ ဇန်နဝါရီ (၂၂)ရက် နံနက်(၁၀)နာရီ ခွဲအချိန်ခန့်တွင် မြစ်ကြီးနား- ဖားကန့် လမ်းပိုင်း လဝါးလမ်းဆုံတွင် တိုက်ပွဲထပ် မံဖြစ်ပွားလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို ပြောသည်။

" ဖားကန့် မြစ်ကြီးနားလမ်းပိုင်း လဝါးလမ်းဆုံနဲ့ ကာမိုင်းအနီးမှာ တိုက်ပွဲ ထပ်ဖြစ်နေတယ်။ လမ်းကတော့ မပိတ်ဘူး။သတိနဲ့ သွားလာနေကြရတာပေါ့"ဟု ဖားကန့် ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားချိန်တွင် လမ်းပိုင်းအား ခတ္တပိတ်ထားလိုက်ပြီးနောက် ယခု ပြန်လည်ဖြတ်သန်းခွင့်ပေးထားကြောင်းလည်း သိရသည်။

ပြီးခဲ့သော ဇန်နဝါရီ (၁၅)ရက် မှ (၁၈) ရက်အထိ အဆို ပါလမ်းပိုင်းတွင် ဒေသတွင်း စစ်ရေးအခြေအနေများကြောင့်တပ်မတော်ဘက်က ကာမိုင်းမြိုအဝင်ဂိတ်၊ နန့်ယားဂိတ်၊ ဖားကန့်လယ်ပြင် ရမ်းချက်ဂိတ် နေရာ (၃) နေရာတိုတွင် အတက်အဆင်းလမ်းများအားလုံး ယာယီဖြတ်သန်းခွင့်ပိတ်ထားခဲ့သေးသည်။

ဓာတ်ပုံ-CJ

Post a Comment

Previous Post Next Post