ကားပိုင်ရှင်များသတိထားနိုင်ရန်

Views


၁၉-၁-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်း ၃နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် ဗဟိုလမ်းတွင် ကားခိုးယူမှုဖြစ်ပွားခဲ့၍ ကာယကံရှင်ဖြစ်သူမှ မရမ်းကုန်းမြို့မရဲစခန်းသို့ အကြောင်းကြားအမှုဖွင့်ခဲ့ပြီး အွန်လိုင်းသတင်းဌာနများကိုလည်း အကြောင်းကြားအကူညီတောင်းခံ၍ ယနေ့ ၂၃-၁-၂၀၂၄ ရက်နေ့တွင် မရမ်းကုန်းမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များမှသတင်းအရ ဒဂုံအရှေ့ (၁၆)ရပ်ကွက် ကုန်းဘောင်လမ်း၊ အနော်ရထာလမ်းကွေ့ အငယ်လေးဆေးဘော်ဒီ ကားဝပ်ရှော့၌ ပျောက်ဆုံး နေသည့်ကားအားတွေ့ရှိခဲ့သည်။
-
ကားအားပုံပါအတိုင်း ဖျက်ဆီးရောင်းချထားသည်ကိုတွေ့ရှိရသဖြင့် ကားလာရောက်အပ်နှံသူကို စုံစမ်းပြီး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။





-
၎င်းကားအား ခိုးယူသူများမှကားတစီးဖြင့်ဆွဲယူသွားပြီး ယခုလိုဝပ်ရှော့အား အပ်နှံ၍ ပစ္စည်းများဖြုတ်ယူပြီး ရောင်းသည်ဟုသိရှိရသည်။ ကားခိုးယူသူ(၂)ဦးမှာ -
(၁) ထူးအောင်ကျော်(ခ)သားကြီး နှင့်
(၂) မင်းကျော်ဇင်(ခ)မင်းမင်း
တို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။
-
ပုံအားမျက်နှာဖျက်မတင်ခြင်းသည်တွေ့ရှိသူများမှတ်မိစေရန်ဖြစ်သည်။



ပိုးကိုကို-ရန်ကုန်

SH သတင်းဌာ(တိုင်းရုံးခွဲ -၂)

မရမ်းကုန်းမြို့နယ်

Cred

Post a Comment

Previous Post Next Post