ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် တရားမဝင် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

Views


၂၃-၁-၂၀၂၄ ရက်နေ့တွင် နမ့်စန်မြို့နယ်ရှိ ကျေးရွာများ အနီးဝန်းကျင်တွင် တရုတ်နိုင်ငံသားများ ရောက်ရှိနေကြာင်း သတင်းရရှိသဖြင့် တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ သွားရောက် ရှင်းလင်းရာ တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသား ကျား ၁၀၀၂ ဦး၊ မ ၃၆ စုစုပေါင်း ၁၀၃၈ ဦးနဲ့ အတူ အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်းတွင် အသုံးပြုရန် -
(၁) Desktop ၄၅ လုံး
(၂) Laptop ၇ လုံး
(၃) ဖုန်းမျိုးစုံ ၂၃၇၃ လုံး
(၄) WiFi စက် ၁၂ လုံး
တို့ကိုဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားမဝင် တရုတ်နိုင်ငံသားများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းသိရှိရပါတယ်။




Post a Comment

Previous Post Next Post