အကြမ်းဖက်သမားတွေကို တိုက်ထုတ်ဖို့ PNO စစ်ပြင်ပြီ

Views


(PNO ၏ ထုတ်ပြန်ချက်)

ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့လူမျိုးနှင့်နယ်မြေ တည်တံ့ခိုင်မြဲရေးကို ခေတ်အဆက်ဆက်မှ ခေါင်းဆောင် များနှင့် မိဘပြည်သူတို့မှ အတူလက်တွဲ၍ နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ရသည်မှာ မိဘပြည်သူ များအားလုံးအသိပင်ဖြစ်သည်။


-
မိမိတို့လူမျိုးနှင့်နယ်မြေ အစဉ်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လာခဲ့ရသည်မှာ လွယ်လင့်တကူနှင့်မဟုတ်ဘဲ အိုးအိမ်စည်းစိမ်များနှင့် အသက်သွေးချွေးများစွာစတေး၍ ပေးဆပ်ခဲ့ရပြီးမှသာ ယနေ့ထိတိုင် တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။
-
ခေတ်အဆက်ဆက်တွင် မိမိတို့ပအိုဝ်းလူမျိုးတို့သည် အခြားသောအဖွဲ့အစည်းတို့၏ ညှင်းပမ်းနှိပ်စက်ခြင်း၊ နိုင်ထက်ပြုခြင်းများကိုခံခဲ့ရသဖြင့် မျိုးချစ်ခေါင်းဆောင်များက ‌ဒေသခံမိဘပြည်သူများနှင့်အတူ လက်တွဲ၍ မိမိတို့လူမျိုး၏ ဇာတိသွေးဇာတိမာန်၊ သတ္တိ၊ ဗျတ္တိအပြည့်ဖြင့် အရိုးကြေကြေ အရည်ခမ်းခမ်းရန်သူများကို တိုက်ထုတ်ခဲ့ရသည်။ တစ်ဘက်တွင်လည်း ပအိုဝ်းလူမျိုးတို့သည် ခေတ်ကာလအလိုက် စစ်ပညာများနှင့် စစ်ဗျူဟာများကို လေ့လာသင်ယူတတ်မြောက်ထားသည့်အတွက် မိမိတို့လူမျိုးနှင့်နယ်မြေကို ယနေ့ထိတိုင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခြင်းဖြစ်သည်။
-
ယခုအချိန်တွင် ပအိုဝ်းလူမျိုးတို့၏ အကျိုးစီးပွားကိုဖျက်ဆီးခြင်း၊ ပအိုဝ်းဒေသကို စစ်တလင်းနယ်မြေအဖြစ် ဖန်တီးခြင်း၊ စစ်ဘေးစစ်ဒဏ်များခံစားရစေခြင်းစသည်တို့ကို ပအိုဝ်းဒေသအတွင်းတွင် လက်နက်ကိုင် အဖွဲ့အစည်းအချို့မှ နည်းလမ်းမျိုးစုံနှင့် အသွင်သဏ္ဍန်မျိုးစုံဖြင့် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာသည်ကို မိဘပြည်သူများအားလုံး သိရှိပြီးဖြစ်ပါသည်။
-
မိမိတို့လူမျိုးနှင့် ဒေသ၏အကျိုးစီးပွားများ ပျက်စီးမှုမရှိစေရန်နှင့် မိမိဒေသအတွင်း စစ်တလင်းနယ်မြေများ မဖြစ်ပွားစေရန်အတွက် မိမိတို့လူမျိုးနှင့်နယ်မြေတို့ကို ကာကွယ်ရန်ပအိုဝ်းအမျိုးသားတပ်မတော်တွင် တာဝန်ရှိသကဲ့သို့ ပအိုဝ်းလူမျိုးနှင့်အတူ တိုင်းရင်းသားတို့တွင်လည်း တာဝန်ကိုယ်စီရှိကြသည်။
-
ယခုအချိန်၌ မိမိတို့ဒေသအတွင်း ရောက်ရှိလာပြီဖြစ်သော စစ်ဘေးအန္တရာယ်များကိုကာကွယ်တိုက်ထုတ်ရန် အချိန်ရောက်ရှိပြီဖြစ်သည့်အတွက် အားကောင်းမောင်းသန်သည့် လူငယ်လူရွယ်များနှင့် အရွယ်ရောက်ပြီးသူများ အနေဖြင့် ပအိုဝ်းအမျိုးသားတပ်မတော်တွင် ပါဝင်တာဝန်ထမ်းဆောင်ကြရန်နှင့် မိဘပြည်သူများအားလုံး အနေဖြင့်လည်း ဒေသငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် နိုင်ရာကဏ္ဍ ကျရာတာဝန်တွင် ပါဝင်တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းနှိုးဆော်အသိပေးအပ်ပါသည်။
-
ဟု PNO ဗဟိုစစ်ကော်မတီက ထုတ်ပြန်ထားသည်။

KT

Post a Comment

Previous Post Next Post