ရေး-တနင်္သါရီလမ်းပေါ်တွင် အကြမ်းဖက် PDF အဖွဲ့က ဆက်ကြေးကောက်

Views


၂၀၂၄ ဖေဖော်ဝါရီလ ၁ ရက် နေ့လည် ၁၂ ချိန်မှ ညနေ ၆ နာရီခန့်ထိ ရေးမြို့နယ်၊ လမိုင်းမြို့၊ အောင်သပြေ ကျေးရွာထိပ်နေရာတွင် တောင်ညိုစစ်ကြောင်းမှ စစ်ကြောင်းမှူး ကျည်ကာ သည် တောင်ညိုပြောက်ကျား အဖွဲ့ အမည်ဖြင့် မော်လမြိုင်မြို့၊ သံဖြူဇရပ်မြို့ဘက်မှ ရေးမြို့နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်သို့ မောင်းနှင်လျှက်ရှိသော မော်တော်ယာဉ်များဖြစ်သည့် Express မှန်လုံယာဉ် အန်စာတုံးများအား ရပ်တန့်စေခိုင်း၍ ယာဉ်မောင်း ဖြစ်သူများအား ခေါ်ဆောင်ကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၀၁ရက် မှ မတ်လကုန်အထိ မော်လမြိုင်-ရေးကား လမ်းမကြီးပေါ်တွင် သွားလာပါက Express မှန်လုံယာဉ်တစ်စီးလျှင် ဆက်ကြေးငွေ ၁ သိန်းခွဲ ဖြင့်လည်းကောင်း၊ အံစာတုံးကား တစ်စီး လျှင် ဆက်ကြေးငွေ ၆ သောင်းဖြင့်လည်းကောင်း ပေးဆောင်ရမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လကုန်ဆုံးသွားပါက ၎င်းဆက်ကြေးငွေထက် ပိုမိုပေးဆောင်ရမည်ဟု ခြိမ်းခြောက် ပြောကြားခဲ့ကြောင်း သိရသည်။

-

လက်နက်ကိုင်သည့်အရသာ သိသွားလျင် သူခိုးဓားပြများ ဖြစ်လာလိမ့်မည်ဟု ဝါရင့်နိုင်ငံရေးသမားများ ပြောခဲ့ခြင်းမှာ အလကားမဟုတ်ပေ..

Saw Ba Maung

Post a Comment

Previous Post Next Post