AA မူးယစ်သူပုန် ဘာလို့ငြင်းသလဲ

Views


လက်ရှိကာလ စစ်တွေမြို့နဲ့ အနီးကျေးရွာတွေကသူတွေကို သူတို့မြို့ကို တိုက်တော့မယ်ဆိုပြီး ထွက်ပြေး ခိုင်းတယ်။ မြို့ကသူတွေက လေယာဉ်ဈေးမတတ်နိုင်လို့ မပြေးကြဘူး။ သူဌေးပိုင်းတွေနဲ့ ငွေသုံး နိုင်သူတွေလောက်ပဲ ပြေးနိုင်ကြတယ်။

-

နောက်ပြီး မြို့လူထုက စစ်တွေကို အခြားမြို့တွေလိုပျက်မှာစိုးလို့ လာမတိုက်ကြဖို့ပြောနေတာတွေလည်း ရှိနေတယ်။ ရမ်းဗြဲ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး မြို့တွေမှာလည်း အရင်က သူတို့အခုလိုပဲ မောင်းထုတ်ခဲ့တယ်။

-

ပြည်သူတွေပြေးတဲ့အချိန် သူတို့နေရာဝင်ယူတယ်။ အိမ်တွေ၊ ဆိုင်တွေဖောက်ပြီး လိုချင်တာကိုယူသွား ကြတာ ဒေသခံတွေ အသိဆုံးပဲ။ စစ်တွေဆိုတာ ရခိုင်ပြည်နယ်ကသူဌေးတွေ အများဆုံးနေတဲ့မြို့ဖြစ်သလို စီးပွားရေးသမား အများစုနေတဲ့နေရာဖြစ်တာကြောင့် ခုလိုဈေးမှာ လူစည်နေတဲ့အချိန် ယုတ်မာ အောက်တန်းကျစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ဘာလိုချင်လို့ ဘာလုပ်ချင်လို့လည်းဆိုတာတော့ ရှင်းရှင်း လင်းလင်းသိလောက်ပြီလို့ ယူဆပါတယ်။

-

ဒီလိုလုပ်တာကို ရခိုင်လူထုသိမှာစိုးလို့ သူတို့လော်ဘီတွေနဲ့ သူတို့ဘက်ကနေပြီး စစ်တပ်ကလုပ်တာလို့ ဖော်ပြနေသလို လူထု စစ်တပ်ကိုလက်ညိုးထိုးလာအောင်လည်း AA ဘက်ကနေပြီး လူနာစာရင်းတွေ အများကြီးနဲ့ဖော်ပြနေပါတယ်။

-

မြေပြင်မှာ သေဆုံးသူအတိအကျမသိရသေးသလို ဒဏ်ရာရသူလည်း ၃၀ ကျော်ပဲရှိတယ်လို့သိရပြီး လက်ရှိအစိုးရဆေးရုံမှာ အစိုးရကအရေးပေါ်ကုသမှုတွေလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်

#MinChitOo

Post a Comment

Previous Post Next Post