ဗုဒ္ဓဘာသာဝင်တွေ သတိထား

Views


ဖော်ပြပါပုံထဲက ကားနဲ့ပါတ်သတ်လို့ တော်တော်ဂယက်ထနေကြတာ သတိထားမိတယ်။

-

လူတယောက်ရဲ့ အကြီးကျယ်ဆုံးအရာဟာ သီလ၊ သမာဓိ၊ ပညာပဲ။

-

မြတ်ဗုဒ္ဓဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးခေါင်းဆောင်တွေကို သီလ၊ သမာဓိ၊ ပညာနဲ့ပဲ တည်ဆောက် စေတယ်၊ သူတပါးရဲ့ သဒ္ဓါတရားနဲ့ လှူဒါန်းထောက်ပံ့မှ ရပ်တည်ရတဲ့သာသနာမို့ သီလ၊ သမာဓိ၊ ပညာ မရှိခဲ့ရင် ရပ်တည်ဖို့အဆင်မပြေဘူး။

-

သီလ၊ သမာဓိ၊ ပညာပြည့်စုံရင် ရုပ်ဝတ္တုလောက်ပြည့်စုံတာကိုမပြောနဲ့ မြေလျှိုးမိုးပျံလို့တောင်ရတယ်။

-

လောကမှာ ကိုယ်မမြင်နိုင်တဲ့ နတ်တွေ၊ ဝိဇ္ဇာတွေ၊ မိစ္ဆာတွေ အများကြီးပဲ၊ သီလ၊ သမာဓိ၊ ပညာပြည့်စုံရင် အဲဒီပုဂ္ဂိုလ် လိုအပ်တဲ့အရာမှန်သမျှ ဖြည့်ဆည်းပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိတယ်။

-

ကားတစီးလောက်ကိုမပြောနဲ့ ဆယ်စီး၊ အစီးတရာလည်း လိုအပ်ရင်ရတတ်တဲ့သဘောရှိတယ်။

-

ခုနောက်ပိုင်း ဗုဒ္ဓဘာသာကိုရည်ရွယ်ချက်ရှိရှိ ထိုးနှက်လာကြတဲ့ ဘာသာခြားတွေ၊ ကွန်မြူနစ်တွေ တနေ့တခြားများလာတယ်၊ အကောင့်တုတွေနဲ့ ဗုဒ္ဓဘာသာအယောင်ဆောင်ရေးတယ်၊ အသိဉာဏ်နည်းတဲ့ သူတွေက အဟုတ်ထင်ပြီး ပြစ်မှားကြတယ်၊ ဒါဟာ social media မှ သာသနာဖျက်စီးသူတို့ရဲ့ အကွက်ကျကျ ဖျက်စီးမှုတွေပါပဲ။

-

တချို့က နိုင်ငံရေးအမြင်မတူလို့ ထေရ်ကြီးဝါကြီးတွေကိုအမြင်မကြည်လင်ဘူး၊ ဒါကို ဘာသာခြားတွေက အကွက်ကျကျယူပြီးရေးတယ်၊ အသိဉာဏ်နည်းတဲ့ ဗုဒ္ဓဘာသာဝင်တွေကပါ ​ရောယောင်ပြီးစော်ကားကြတယ်၊ အဲဒီလိုအမြင်မတူလို့ စော်ကားတဲ့အထဲမှာ ရဟန်းတော်တွေတောင်ပါကြတယ်၊ အရမ်းရွံစရာကောင်းလှတယ် ဒါဟာဒီကနေ့ ဖြစ်ပျက်နေတဲ့ အပျက်တွေပါပဲ။

-

ဗုဒ္ဓဘာသာရဲ့ တရားဓမ္မတွေကို အပြစ်ရှာမရတော့ ဓမ္မကို အသွင်ယူခိုးတယ်၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ ပြစ်ချက်ကို မရရအောင်ရှာဖွေရေးသားတယ်။ အသိဉာဏ်နည်းသူတွေစော်ကားအောင် ဇောင်းပေးပြီး ရေးတယ်၊ လူအချင်းချင်း၊ သံဃာအချင်းချင်း ကွဲပြားအောင်ပုံဖေါ်ရေးသားကြတယ်။ မြတ်ဗုဒ္ဓကလွဲလို့ အရှင်သာရိပုတြာတောင် အမှားမကင်းဘူး၊ မထေရ်မြတ်ကြီးတောင် မဆင်ခြင်မိလို့ သုံးလေးခါမှားခဲ့တယ်၊ ပုထုဇဉ်ရဟန်းတွေ မှားတာမဆန်းလှဘူး၊

-

ယှဉ်ကြည့်စမ်းပါ.. ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်တယောက်ရဲ့ အကျင့်စရဏနဲ့ တခြားဘာသာရေး ခေါင်းဆောင်တွေရဲ့ အကျင့်စရဏတူလို့လား၊

မြတ်ဗုဒ္ဓ ဟောကြားထားတဲ့တရားတော်တွေနဲ့ တခြားဘာသာကျမ်းစာတွေရဲ့ အဆုံးအမတွေ တူလို့လား၊

ကောင်းတာလေးတွေ ရွေးတင်ပြီး အတူတူပဲမလုပ်နဲ့

သတ္တိရှိရင် ယှဉ်ပြိုင်ပြောကြဖို့ ဖိတ်ခေါ်တယ်။

-

အကျင့်ပျက်ရဟန်းတော်တွေရဲ့ အပြောအဆို အနေအထိုင်တွေ လွဲတာတွေကို ရွေးတင်ပြီး သီလ၊ သမာဓိ၊ ပညာ ပြည့်ဝတဲ့ခေါင်းဆောင်တွေနဲ့ အတူတူပဲမလုပ်နဲ့၊ အကျင့်ပျက်ရဟန်းဆိုရင်လည်း အဲဒီလိုကားမျိုး ဘယ်သူမှမလှူဘူး ဒါကိုသဘောပေါက်။

-

လူတယောက်ဟာ ငယ်ငယ်ကတည်းက အလုပ်ကြိုးစားခဲ့ရင် အဲဒီလိုကားမျိုး လိုသလောက်ဝယ်စီးနိုင်တယ်၊

ရဟန်းတပါးဟာ သီလ၊ သမာဓိ၊ ပညာကို ငယ်ငယ်ကတည်းက စောင့်ထိမ်းခဲ့ရင် အဲဒီလိုကားမျိုး ရာထောင်ချီ ဝယ်လှူချင်တဲ့သူတွေအများကြီးပဲ၊ ဒီကနေ့ ဆရာတော်ကြီးတွေဟာ စီးပွားရှာခွင့်မရှိပဲ သာသနာ့အလုပ်တွေကို အများကြီးလုပ်နိုင်တာဟာ လူတွေရဲ့သဒ္ဓါတရားကဖြစ်ပေါ်လာတဲ့ အကြောင်းတရားပဲ။

အဲဒီလိုဆရာတော်ကြီးတွေရဲ့ ငယ်ငယ်ကပင်ပန်းဆင်းရဲမှု ကိုယ်ကျင့်တရားစောင့်ထိမ်းမှုတွေကိုရော လေ့လာဖူးကြရဲ့လား။

-

တခြားဘာသာရေးခေါင်းဆောင်တွေဆိုရင်လည်း ဒေါ်လာသန်းချီချမ်းသာကြတာတွေအများကြီးပါ အဲဒီလိုခေါင်းဆောင်တွေဆိုရင်ရော ဝေဖန်ဖို့မျက်စိကန်းနေကြတာလား။

-

မြန်မာပြည်က သီလ၊ သမာဓိ၊ ပညာပြည့်စုံတဲ့ ဆရာကြီးတွေ အများကြီးရှိတယ် အဲဒီဆရာတော်ဘုရားကြီးတွေ ဒီကနေ့ လှူခဲ့ပြီးတဲ့ အရာတွေကို တွက်ကြည့်ရင် ဘီလျံနာအဆင့်ထက်ကို ရှိတယ်၊ ဒါဟာစီးပွားရှာပြီးလှူတာမဟုတ်ဘူး၊ သီလ၊ သမာဓိ၊ ပညာကြောင့် လူတွေရဲ့သဒ္ဓါတရားနဲ့ ဖြစ်တည်လာတဲ့အရာတွေပဲ၊

-

တခြားဘီလျံနာကြီးတွေလိုမကြွားဘူး စည်းစိမ်ပေါ်မှာမတပ်မတ်ဘူး။ ရသမျှအကုန် လောကကောင်းကျိုးအတွက်ပဲသုံးတယ်၊ ကမ္ဘာပေါ်က ဘယ်ဘီလျံနာကြီးတွေမှ အဲဒီဆရာတော်ကြီးတွေလောက် မလှူဘူးရှင်းလား။

-

ကိုယ်လည်းမလှူနိုင်၊ သူများလှူတာလည်း မုဒိတာမပွားနိုင်ပဲ မစ္ဆရိယစိတ်ထားရင်တော့ သေရင်တောင်အမျှဝေပေးမဲ့သူမရှိ၊ အမျှဝေမဲ့သူရှိရင်​တောင် သာဓုမခေါ်နိုင်တဲ့ဘဝမျိုးရောက်တတ်တယ် သတိထား။

-

ဘာသာခြားတွေကတော့ သူတို့အလုပ်သူတို့လုပ်တာပဲ ပြောစရာမရှိဘူး၊ ရောယောင်ပါသွားတဲ့ ဗုဒ္ဓဘာသာဝင်တွေ သတိထား၊ အပါယ်လေးပါးမှာ အမြဲအော်ဟစ်နေရလိမ့်မယ်။

-

ငါတို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေ ပြည့်ပြည့်စုံစုံဖြစ်တာ ငါတို့ပျော်တယ် ငါတို့ကျေနပ်တယ် ငါတို့ဝမ်းသာတယ်။

#Credit

မေတ္တာဖြင့် အရှင်သဒ္ဓမ္မ ( ဆင်ဖြူတော် )

ပြန်လည်မျှဝေသည်…

Post a Comment

Previous Post Next Post