မွမ်ဘိုင်း၌ ကြော်ငြာဆိုင်းဘုတ်ပြိုကျ

Views


(မွမ်ဘိုင်း၊ မေ ၁၄)



အိန္ဒိယနိုင်ငံ၏စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့၌ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ် ပြိုကျပြီး လူ ၁၂ ဦးသေဆုံးကာ ၆၀ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

-

မြို့တော်အရှေ့ဘက်ရှိ ဓါတ်ဆီဆိုင်တစ်ဆိုင်အနား၌ ဆိုင်းဘုတ်ပြိုကျခဲ့သဖြင့် အောက်၌ပိတ်မိနေသူများအား ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးသမားများက ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့သကဲ့သို့ ဆိုင်းဘုတ်အပြို အပျက်များကိုလည်း တူးဖော်ပြီးကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်ဟုသိရသည်။

-

ယင်းသို့လုပ်ဆောင်နေစဉ်အတွင်း ရုပ်အလောင်းရှစ်ခုကို ယူထုတ်နိုင်ခဲ့ပြီး ကျန်ရုပ်အလောင်းများမှာမူ အပျက်အစီးများအောက်၌ ပိတ်မိနေဆဲဖြစ်သည်ဟုတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။



#Popular

Post a Comment

Previous Post Next Post