တွေ့ရှိပါက အကြောင်းကြားပေးပါရန် (လူပျောက်ကြေညာ)

Views


ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့မှ လာရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အရှေ့မြို့ပတ်လမ်း၊ အိမ်အမှတ် ၁၂၄၇ မှာနေထိုင်ကာ ညောင်ပင်လေးစျေးအနီးရှိ နေလဖုန်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မဆုရတာ (ခေါ်) ဖြူဖွေး သည် ၎င်းအလုပ်လုပ်ကိုင်နေသောဖုန်းဆိုင်မှ ယမန်နေ့ မေလ ၉ ညနေ ၃ နာရီ နှင့် ၄ နာရီအချိန်ကြားခန့်တွင် ယင်းဆိုင်မှ အလုပ်လုပ်ဖော်ကောင်မလေးနဲ့ လူခွဲပြီး နေအိမ်သို့ပြန်သွားခဲ့သည်။

-

ည ၉ နာရီအချိန်ခန့်တွင် ၎င်းမှ ဖုန်းဖြင့် ငိုသံနှင့် ဆက်သွယ်ပြီး ဖုန်းပြန်ချသွားရာမှ ယခုအချိန်ထိ ဆက်သွယ်၍မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

-

၎င်းကိုင်ဆောင်သောဖုန်းနံပါတ်မှာ 09776074934 ဖြစ်ပြီး သူ၏ ထင်ရှားသည့်အမှတ်အသားမှာ နှဖူးမှဲ့ ၁ ရှိ ဖြစ်သည်။

-

အဆိုပါအမျိုးသမီးငယ်အား တွေ့ရှိပါက အုပ်ထိန်းသူများ၏ ဖုန်းနံပါတ်များဖြစ်သည့် 09443381515 နှင့် 09766492811 ကိုဆက်သွယ်အကြောင်းကြပေးနိုင်ပါသည်။



#PAN

Post a Comment

Previous Post Next Post