Views
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံအကြံပေးဖြစ်တဲ့ ဦးညိုစောတစ်ယောက် လွန်ခဲ့တဲ့တစ်လလောက်က သတင်းမီဒီယာများမှာ ကွယ်ပျောက်နေခဲ့လို့ ကောလဟာလအမျိုးမျိုးထွက်ခဲ့ပါတယ်။
-
သူ့သတင်းပျောက်ကွယ်ချိန်မှာ ဦးမြင့်လှိုင်နှင့်ပတ်သက်သူတွေ ဖမ်းဆီးစစ်ဆေးခံနေရချိန်နဲ့ တိုက်ဆိုင်နေလို ဦးညိုစောလည်း အဖမ်းခံ၊ အစစ်ခံနေရကြောင်း နပတအစိုးရ အသိုင်းအဝိုင်းကြားမှာ ထင်ကြေးပေး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
-
အချို့ကတော့ အဖမ်းခံရတာမဟုတ်ဘဲ နိုင်ငံတော်အဆင့် ယတြာချေဖို့လုပ်နေလို့ လူမြင်ကွင်းက ပျောက် ကွယ်တယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။
-
ယခုရက်ပိုင်းမှာတော့ ဦးညိုစောကို ဇနီးနဲ့အတူ ဦးမင်းအောင်လှိုင်ရဲ့ ကျိုင်းတုံခရီးစဉ်မှာ ပြန်မြင် တွေ့လာရသလို သူ့သတင်းပျောက်နေတဲ့ ဧပြီလအတွင်း ရုရှားနိုင်ငံကိုသွားရောက်ခဲ့တဲ့ သတင်းဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာပါတယ်။
-
ဦးညိုစောရဲ့ ရုရှားနိုင်ငံခရီးစဉ်ကို တရားဝင်သတင်းမထုတ်ပြန်ခဲ့ပဲ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ သူ့ရဲ့ သတင်းဓာတ်ပုံများအရ စက်သုံးဆီနဲ့ အခြားစစ်ဘက်ဆိုင်ရာ ကိစ္စရပ်များ လျှို့ဝှက်သွားရောက်ခဲ့တဲ့ ခရီးစဉ်ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ခဲ့ကြပါတယ်။
-
ဦးညိုစောဟာ တပ်မတော်ရဲ့ အရေးပါတဲ့ စစ်ထောက်ချုပ် ရာထူးနဲ့ ကာလကြာရှည်တာဝန်ယူခဲ့သလို ဦးမင်းအောင်လှိုင်ရဲ့ အထူးယုံကြည်အားကိုးရသူဖြစ်လို့ လက်ရှိမှာ နစကဥက္ကဋ္ဌရဲ့ အကြံပေး၊ နစကကောင်စီ အဖွဲ့ဝင်ရာထူးနဲ့ မြန်မာစစ်တပ်ရဲ့ စီးပွားရေးထောက်တိုင် MEC ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ဆဲ ဖြစ်ကြောင်း သိရပါတယ်။
#ခင်ညိုချော