ရည်မွန်ကိုလူတွေသိတာ အန်ယူဂျီ မပေါ်ခင်ကတည်းကလိုထင်နေရင်
ခင်ဗျားတစ်ခုခုတော့မှားနေပြီ။
ကာဝန်ဆိုပြီးကြေငြာတော့တောင် အနီအချင်းချင်းတောင် ဘူလဲ၊ ဘူကြီးလဲ
နဲ့လိုက်မေးနေရတာလေ။
ကဗျာဆရာလိုပြောတဲ့သူကပြော၊ ကျီတောင်ကန် က အရက်ပုန်းဆိုင်ရှင်လို ပြောတဲ့သူက ပြော နဲ့ ပေါ့နော်။
တစ်ကယ်လူသိများသွားတာက မဲဆောက်နားက မယ်တော်ရွာထဲမှာ
အရက်ထွက်ဝယ်နေတုန်း ရှမ်းရဲက ဖမ်းလို ဟော်လေးတကြိုး၊ ဟိုးလေးတကြော်
ဖြစ်တော့မှ သိကြတာလေ။ သူ့ထက်စာရင် တက်ဆီဆာဆာ ကတောင်
လူသိတာစောသေး။ ဆာဆာ ကိုလူတွေက တက်ဆီ သမားပုံနဲ့
တစ်ကွက်ပြလိုက်တဲ့ သူလို ထင်နေပေမယ့် သူ့ကို ထဘီခြုံမီဒီယာဒေက ၂၀၂၀ နှစ်ဉီးလောက်မှာ ဖေ့စ်ဘုတ်ပေါ်မသိမသာ တင်ပေးထားပြီးသား၊
ဗန်ထီးယူ က စီအိုင်အေ လိုလိုဘာလိုလို နာမည်ကြီးပြီး၊
ဒေးဗစ်လားအ မှုလေးနဲ့ ငြိတော့လူစားလဲဖို ရံထားတာဖြစ်ချင်ဖြစ်မှာပေါ့။
လူတွေထင်နေကြသလို ဆာဆာ က ဖိနပ်မပါ၊ ကိုယ်တုံးလုံးနဲ့
ရွှတွေလူးပြီး တောထဲကနေ ရွာကျောင်းကို အသွား
အပြန်လုပ်ပြီးပညာသင်ခဲ့ရတဲ့ ချင်းကလေးမဟုတ်ဘူးတဲ့။
လိုင်လင်းပီ လိုခေါ်တဲ့ဒေသက မီဇိုလူမျိုးနဲ့ဆင်တဲ့( မရာ)ချင်းလူမျိုး၊ သူ့အဖေ
ဉီးအေပီက ရဲအငြိမ်းစား၊ ငွေတွေ အလုံးအရင်းနဲ့ ရွာပြန်လာပြီး
နယ်စပ်မှာ ရဲတွေ၊ ဌာနတွေနဲ့ပေါင်းတတ်တော့ စီးပွားရေးလေးပြေလည်ပါတယ်၊
ဘယ်လောက်ပြေလည်လဲဆိုတော့ ဘက်ဟိုး ၇ စီးလောက်ပိုင်
သတဲ့။ ဆာဆာ အလောင်းအလျာလေးကို အိန္ဒိယ ဘက်မှာ
စာသင်ပေးထားပြီး သာသနာပြုအသင်းတွေနဲ့ချိတ်ဆက်လိုရတော့
အနောက်ဘက်ထိ ခရီးပေါက်လာတယ်။ အဲ့ဒီကနေ ရဲအငြိမ်းစား
သာသနာပြုအသင်းတွေ၊ အစိုးရဌာနတွေနဲ့နီးစပ်တဲ့ ဖခင်က အကြံပေး
ပြီး အရောင်ချယ်လိုက်တယ်၊ အနီ ပေါ့နော့။
လူတွေက ဆာဆာ နာမည်
ကိုကြားဖူးနားဝ ရှိနေတဲ့အချိန် ထဘီခြုံ တက်စီ ဒရိုင်ဘာ ဘဝနဲ့
နရူဂျီ ရောက်သွားရင်းကနေ “ယူအန်၊ယူအက်စ် ခုလာမယ်၊တော်ကြာလာမယ်
လာချင်မှလည်းလာမယ်” ဆိုတဲ့မိန့်ခွန်းတွေနဲ့ နာမည်ရလာပါရောဆိုပါတော့။ နောက်ပိုင်း တော့ လူတွေက အလှူခံဖလားတွေနဲ့အပြိုင်အဆိုင်
မြိုင်လာတော့ ဆွဲမိဆွဲရာ၊တွဲမိတွဲရာ ရှက်ကီ ရည်မွန်က တက္ကဆီ ဆာဆာ ကို
ဆရာတင်ပြီး ဇဝေဇဝါစိုး ကို ကာပြန်ဖိုကြံပါလေရောတဲ့ ဗျို…
ဆက်ရန်......