KIO/KIA လုပ်စားနေတဲ့ Rare Earth
*******************************
တစ်ကမ္ဘာလုံးရှိနည်းပညာထုတ်လုပ်တဲ့
နိုင်ငံတိုင်းအလိုချင်းဆုံးပစ္စည်း မြေရှားသတ္ထု
ဆိုတာပါ...
အဖိုးတန်ရတနာမြေတမျိုးပါပဲ...
-
ဒါ မြေရှားသတ္ထုထုတ်လုပ်နေပုံတစ်ချို့ပါ
မိတ်ဆွေတို့ကိုင်နေတဲ့ ဖုန်းကစ၍ ကွန်ပြုတာ
ဂြိုဟ်တုဒုံးပျံတွေအထိ အဲဒီရှားပါးမြေခေါ်
မြေရှားသတ္ထုတွေ မဖြစ်မနေပါဝင်ရပါတယ်
-
ဒီ မြေရှားသတ္ထုဟာ အမျိုးအစားတွေတော့
များစွာရှိပါတယ်...
-
ဒီပစ္စည်းတွေမရတော့ရင် ဖုန်းကစပြီး
တစ်ကမ္ဘာလုံးဒုက္ခရောက်သွားနိုင်ပါတယ်
ဒါ့ကြောင့် ဒီသတ္ထုထွက်တဲ့နိုင်ငံကို နည်းပညာ
ပစ္စည်းထုတ်နိုင်ငံတွေက အမဲလိုက်သလို
လိုက်နေကြပါတယ်...
-
ဒီလောက်အဖိုးတန်မြေရှားသတ္တုတွေကို
လွယ်လွယ်ကူကူထုတ်လုပ်ယူဆောင်နေတဲ့
အခုပြထားတဲ့ ဓာတ်ပုံတွေဟာ ဘယ်နိုင်ငံက
လို့ထင်လဲဗျ..
-
အဲဒါမြန်မာနိုင်ငံကပါပဲဗျာ..
ကချင်ပြည်နယ် ပန်ဝါဒေသမှာ တရုတ်တွေ
လာရောက်ထုတ်လုပ်နေပုံပါတဲ့ဗျာ
တရားဝင်လားတရားမဝင်ထုတ်လုပ်နေတာလား
တော့ မသိပါဘူး...
-
ကီလိုဂရမ် 1000 ပါတဲ့ အိတ်တစ်လုံးကို
တရုတ်ယွမ်ငွေ 300000 သုံးသိန်းကျော်
ရောင်းရပါသတဲ့...
-
ဒီပုံရိပ်တွေကို ကချင်ပြည်နယ်ဒေသခံတွေက
ဆန္ဒပြ၍ သွားရောက်ရိုက်ကူးပြီး လိုင်းပေါ်ကို
တင်ထားခြင်းဖြစ်ပါသည်ခင်မျာ။
#KT