အမေရိကန်နိုင်ငံခြားရေးဝန်ကြီးထံသို အိတ်ဖွင့်ပေးစာ

Views


 မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေများ မတည်မငြိမ်ဖြစ်နေမှုနဲ့ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခက်အခဲများကြုံတွေ့ရတာနဲ့ပတ်သက်ပြီး နိုင်ငံတကာ မီဒီယာများက သတင်းအတု၊ သတင်းအမှားများကိုသာ ဘက်လိုက်ဖော်ပြနေကြပါတယ်။  ထိုသိုပုံဖျက်ဖော်ပြထားတဲ့ သတင်းတွေကိုအခြေခံပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာ မှတ်ချက်ပြုပြောကြားချက်တွေက အခြေအနေကို ပိုမိုဆိုးရွားစေကြောင်းနဲ့  နိုင်ငံတွင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့ နိုင်ငံ‌ရေးအခြေအနေမှန်နဲ့ဆန့်ကျင်ကာ နိုင်ငံတကာ မီဒီယာများမှာ ဖော်ပြနေခြင်းများအပြင် လူကြီးမင်းတိုရဲ့ ပြိုင်ဘက်အင်အားကြီးနိုင်ငံ ကို ထိန်းချုပ်နိုင်ရေးအတွက်သာဦးတည်ပြီး  မြန်မာ့နိုင်ငံရေးအပေါ် ရှုမြင်သုံးသပ်ပြောဆို ချက်များဟာ လက်ရှိပကတိအဖြစ်အပျက်များနဲ့ များစွာကင်းကွာနေပြီး အခြေအနေ များကို ပိုမိုဆိုးရွားစေနိုင်မှာဖြစ်ပါတယ်။  အကျိုးဆက်အနေနဲ့ စီးပွားရေး၊ လူမှုရေး ဆိုင်ရာအကြပ်အတည်းများရဲ့ ဆိုးကျိုးများကို အပြစ်မဲ့ပြည်သူများက ခါးသီးစွာခံစား နေရကြောင်း ထောက်ပြအကြံပြုလိုတဲ့အတွက် ယခုစာကို ပေးပိုအကြောင်းကြားရခြင်း ဖြစ်ပါတယ်။


ယခုရက်ပိုင်းအတွင်း VOA သတင်းဌာနမှ ထုတ်လွှင့်ခဲ့သော သတင်းစာရှင်းလင်း ပွဲမှာ လူကြီးမင်းအနေနဲ့ “လက်ရှိမြန်မာနိုင်ငံ အိမ်စောင့်အစိုးရက ပြင်းထန်ရက်စက်သော ဖိနှိပ်မှုများပြုလုပ်နေခြင်းကြောင့် ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် အာဆီယံအဖွဲက ပိုမိုဖိအားပေးဖို” ဆိုတာမျိုး ပြောသွားတာတွေ့ရပါတယ်။ မြန်မာ နိုင်ငံမှာ သံရုံးဖွင့်လှစ်ထားပြီး တရားဝင်သံတမန်ဆက်ဆံရေးလည်းရှိ၊ ကမ္ဘာပေါ်မှာ ဖြစ်ပျက်သမျှ အဖြစ်အပျက်အားလုံးကို နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း သိရှိနိုင်အောင် လေ့ကျင့်ပေးထားတဲ့ ထောက်လှမ်းရေးအဖွဲများအပြင် သတင်းနည်းပညာပိုင်းမှာ အဆင့်မြင့်နည်းပညာများကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်လိုနိုင်ငံမှ လူကြီးမင်းကဲ့သို အဆင့်အမြင့်အရာရှိကြီးတစ်ယောက်အနေနဲ့ လက်တွေ့အခြေအနေမှန်နဲ့ လုံးဝဆန့်ကျင် နေတဲ့ ဒီလိုပြောဆိုမှုမျိုးဟာ အကြောင်းမဲ့ပြောဆိုတာမျိုးမဟုတ်ဘဲ အခြားရည်ရွယ်ချက် တစ်ခုရှိနေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။
ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံပြန်ရောက်ဖို ဖိအားပေးဆောင်ရွက် ဖိုလိုတယ်ဆိုတဲ့ ပြောဆိုချက်ဟာလည်း လက်ရှိတည်ဆဲအစိုးရရဲ့ ဒီမိုကရေစီလမ်းကြောင်း က သွေဖယ်မသွားအောင် ကြိုးပမ်းဆောင်ရွက်နေမှုကို မသိကျိုးကျွန်ပြုရာရောက်နေ ပါတယ်။


ဒီမိုကရေစီရဲ့အနှစ်သာရဟာ “ပြည်သူများကရွေးချယ်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ဖို အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးနိုင်မှု”ဟာ အရေးကြီး ကြောင်း နားလည်တဲ့တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ မဲမသာမှုတွေကိုဖော်ထုတ်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ  အတိအလင်းထုတ်ပြန်ထားကာ လက်ရှိအာဏာထိန်းထား တဲ့ အချိန်တစ်လျောက်လုံးမှာလည်း ဒီမိုကရေစီစံချိန်စံညွှန်းနဲ့အညီ လွတ်လပ်ပြီး တရား မျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ရပ်ကျင်းပဖိုလည်း လုပ်ငန်းစဉ်များချမှတ်ပြီး လုပ်ဆောင် နေကြောင်း သတင်းစာ ရှင်းလင်းပွဲတွေ နေ့စဉ်သတင်းစာတွေမှာ တွေ့မြင်နိုင်ပါတယ်။


မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို တကယ်တမ်း အမှန်တကယ်ကူညီချင်တယ်ဆိုရင် ဒီမိုကရေစီစံချိန်စံညွှန်းများအတိုင်း လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးဆောင်ရွက်နေတဲ့ လက်ရှိအစိုးရရဲ့ လုပ်ငန်းစဉ်များကို အနှောင့်အယှက်ကင်းစွာ ပြုလုပ်နိုင်စေဖို ဝိုင်းဝန်းဆောင်ရွက်ပေးဖို လိုပါတယ်။ ဒါကိုလည်း နိုင်ငံတကာက ဘက်မလိုက်တဲ့အမြင်နဲ့ သုံးသပ်ရေးသားထားတဲ့ စာတမ်း၊ ဆောင်းပါးတွေမှာလည်း  နိုင်ငံတွင်းမှာ မတည်မငြိမ်ဖြစ်စေတဲ့ အကြောင်း အရင်းတွေမှာ မြန်မာနိုင်ငံအပေါ်ပိတ်ဆိုမှုတွေချမှတ်တာ၊ အာဏာရယူလိုမှု သက်သက်နဲ့ ပြည်ပကနေ တိုင်းပြည်ဆူပူအောင်၊ မငြိမ်မသက်ဖြစ်အောင် သွေးထိုးလှုဆော်နေတဲ့ NUG  လိုအဖွဲမျိုးနဲ့ သူတိုက ကြိုးကိုင်ထားတဲ့ PDF များကို ထောက်ပံ့ ပေးနေခြင်းဟာ လွဲမှားတဲ့မူဝါဒဖြစ်ကြောင်း ထောက်ပြရေးသားနေကြတာလည်း လူကြီးမင်းတို တွေ့မြင် နိုင်မှာဖြစ်ပါတယ်။
 

နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှသာ ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်မှာ ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖိုကိုလည်း “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်‌ထောင်စုကိုတည်ဆောက်နိုင်ရေး”ဆိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နေ့စဉ်ဦးတည်ချက်ထား ဆောင်ရွက်နေပြီးတော့ တည်ဆဲအစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အပြုသဘောဆောင်တဲ့  အကြံပြုခြင်း၊ ကူညီထောက်ပံ့ ပေးခြင်းမျိုးသာ ဆောင်ရွက်ပေးသင့်တယ်လို ပြည်သူတစ်ဦးအနေနဲ့ အကြံပြုတင်ပြလိုပါတယ်။ 


Post a Comment

Previous Post Next Post