ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုနောက်ကွယ်က မြှုပ်ကွက်များ

Views

 


 အားလုံးသိပြီးတဲ့အတိုင်းပဲ သူတိုနှစ်ဦးတွေ့ဆုံမှုက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ လူအများ အာရုံစိုက်ခံရတဲ့ သတင်းဖြစ်ခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးဆိုကာ စကစကို ဆန့်ကျင်နေတဲ့အုပ်စုဘက်မှာလည်း တော်တော်လေး ဂယက်ရိုက်ခဲ့ပါတယ်။
-
ဒီတွေ့ဆုံမှုဟာ နစကအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တိုကြားမှာ အပေးအယူရှိနိုင်ပြီး သေချာစွာ အကွက်ချ၊ အချိန်ကိုက် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတွေက တွက်ဆကြပါတယ်။
-
အကျဉ်းကျခံနေရသူတစ်ဦးကို ပြည်ပက အကြီးအကဲများ တွေ့ဆုံခွင့် အကြိမ်ကြိမ်ငြင်းပယ်နေခဲ့တဲ့ နစက အစိုးရက သူတိုတွေ့ဆုံပေးချင်တဲ့သူနဲ့တွေ့ပေးပြီး သူတိုကို မထောက်ခံသူ၊ တိုက်ခိုက်နေသူများအတွက် အထိနာစေမယ့် သတင်းစကားများ အချိန်ကိုက်ပျံ့နှံအောင်လုပ်ဆောင်သွားတာကြောင့် နစကအစိုးရရဲ့ အကွက်ရွေ့မှုက ပညာပါတယ်လိုလည်း ဆိုကြပါတယ်။
-
အထူးသဖြင့် NUG နဲ့ PDF တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကို မကြာမီ အငြိမ်းစားယူတော့မယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတစ်ဆင့် ဖော်ထုတ်ပြသလိုက်လို နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းမှာသာမက ပြည်တွင်းက နွေဦးတော်လှန်ရေးလက်နက်ကိုင် တိုက်ပွဲဝင်သူများအတွက် Surprise ဖြစ်ပြီး အထိနာခဲ့ရပါတယ်။
-
ထိုင်းနိုင်ငံက ထွက်ပေါ်လာတဲ့သတင်းတွေအရ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ PDF တွေရဲ့အကြမ်းဖက်လုပ်ရပ်များ၊ NUG ပြည်ပြေးအဖွဲတွေရဲ့ လက်နက်/ခဲယမ်းမှောင်ခိုအရှုပ်တော်ပုံများ ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံအစည်းအဝေးမှာ PDF တွေ အကြောင်းသာထုတ်ဖော်ပြောကြားခဲ့ကာ အနားယူပြီးချိန်မှာတော့ NUG နဲ့ ပတ်သက်တဲ့ဆွေးနွေးပြောကြားမှုတွေကို ထပ်မံဖော်ထုတ်ပြောကြားမယ်လို သိရပါတယ်။
-
အဲဒီသတင်းတွေကြောင့် NUG အဖွဲဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက်တွေကို အကြောက်အကန် ငြင်းနေပြီး NUG အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားတွေ ထပ်မံထွက်ပေါ်လာပါက NUG အဖွဲရပ်တည်လှုပ်ရှားမှုများကို  အနောက်အုပ်စုနိုင်ငံအချိုရဲ့ထောက်ခံအားပေးမှုများနဲ့ ဒေါ်စုကြည်ကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်သူများရဲ့ အားပေးထောက်ခံမှုများ လုံးဝရပ်ဆိုင်းသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ဝေဖန်နေကြပါတယ်။
-
အာဆီယံအဖွဲကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပေမယ့် မြန်မာ့အရေးကို  အာဆီယံဥက္ကဌ ကိုယ်စားပြုပြီး လုပ်ဆောင်ဖို ထိုင်းနိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။ ဥက္ကဌဖြစ်တဲ့ အင်ဒိုကို လက်မခံဘဲ သူနဲ့ Inline ဖြစ်တဲ့ ထိုင်းကို အခွင့်အရေးပေးလိုက်တာဖြစ်လို နစကအနေနဲ့ သံတမန်ရေး အမြတ်ရလိုက်တယ်လိုလည်း သုံးသပ်နေကြပါတယ်။
-
ခင်ညိုချော


Post a Comment

Previous Post Next Post