အညာမြေသွေးနဲ့ ခြေဆေးနေတဲ့ KIA

Views

 အညာသားတွေ သိပ်ရိုးသားကြတယ်။ အလှူရေစက်လက်နဲ့မကွာသလို ထေရ်ကြီး ဝါကြီးဆရာတော် ဘုရားကြီးတွေလည်း အပြိုင်ပြိုင်ထွန်းလင်းခဲ့တဲ့မြေ..

-
ယနေ့ ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်တစ်ခုကို ခြေပြုရာမှ လူရိုးကြီးတို့ရဲ့ စစ်ကိုင်းမြေဟာ လူရိုင်းကြီးတို့ ကြီးစိုးသွားကြလေရဲ့ ..
-
ချင်းတွင်းနဲ့ ဧရာ၀တီမြစ်ဝှမ်းကြားမှာ PDF+KIA အကြမ်းဖက်အဖွဲ့များဟာ ဒေသခံပြည်သူတွေကို အကြောက်တရားနည်းလမ်းနဲ့ စည်းရုံးသိမ်းသွင်းပြီး သူပုန်ထလိုက်တာ ခုချိန်ထိ စစ်မီးကတောက်နေတုန်း ..
နှစ်ပေါင်းရာချီတည်ဆောက်လာခဲ့ကြတဲ့ ကျေးရွာတွေလည်း မီးလျှံကြားမှာ ပြာပုံအတိနဲ့

-
ဖြစ်ပျက်နေတဲ့အနေခြအနေကို ခြုံငုံကြည့်ရမယ်ဆိုရင် စစ်ကိုင်းတိုင်းဟာ ကချင်ပြည်နယ် ချင်းပြည်နယ် မကွေးတိုင်း မန္တလေးတိုင်းတို့နဲ့ ဆက်စပ်လျက်ရှိပါတယ် .. အဲဒီတိုင်းနဲ့ပြည်နယ်တွေထဲမှာမှ အင်အားကောင်းတဲ့ ပြည်တွင်းသောင်းကျန်းသူ အကြမ်းဖက်သမားအဖွဲ့ရှိတာကတော့ ကချင်ပြည်နယ်ပါပဲ ..
-
ဗမာအခက် ကချင်အချက်ဆိုတဲ့အကွက်ကိုသုံးပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး KIA အကြမ်းဖက်အဖွဲ့ဟာ စစ်ကိုင်းတိုင်းကို စစ်တလင်းဖြစ်အောင်ဖန်တီးလိုက်တာပါပဲ .. ရိုးရိုးလေးသာကြည့်မယ်ဆိုရင်တော့ တပ်မတော်အာဏာထိန်းလို့ တော်လှန်တယ်ပေါ့ ..
-
ပြောသလောက်မရိုးရှင်းပါဘူး NLD အစိုးရအဖြစ်တာ၀န်ယူစဉ်ကတည်းက ဒါတွေဖြစ်ရင် ဒီလိုလုပ်ဖို့ ကြိုတင်ပြီး Plan ချခဲ့ပြီးသားပါ
ဘာကြောင့်ပြောနိုင်လဲဆိုတော့ KIA ထုတ်လက်နက်တွေ အများအပြားဖမ်းမိခဲ့တဲ့ သာဓကတွေအများကြီးရှိပါတယ် ..
-
ဆိုတော့
KIA ဆိုတာကလည်း ၂၀၁၂ ခုနှစ်တုန်းက သူတို့ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာပတ်လည်ကို စစ်ကြောင်းတွေအသင့်နဲ့ သိမ်းမလို့လုပ်ချိန် သမ္မတဟောင်းကြောင့် ယနေ့ထိ သက်စိုးရှည်နေခဲ့ရတာ ..
-
အဲဒီတော့ ယခင်လိုအခြေအနေမဖြစ်အောင် တပ်မတော်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကြည်းလမ်းကြောင်းနဲ့ ရေလမ်းကြောင်းကိုထိန်းချုပ်ဖို့ပါပဲ ..
-
ကြည်းလမ်းကြောင်း(၁)
(မန်းလေး-ရွှေဘို-အင်းတော်- ကချင်လမ်းဖြစ်ပြီးကားလမ်းနဲ့ရထားလမ်းဖြစ်ပါတယ်။)
-
ကြည်းလမ်းကြောင်း(၂)
(မန်းလေး- မတ္တရာ-တကောင်း-ငအိုး-ကချင်လမ်းဖြစ်ပြီး ကားလမ်းသက်သက်ဖြစ်ပါတယ်။)
-
ဒီကြည်းလမ်းကြောင်း ၂ ခုက ဧရာဝတီမြစ်ရဲ့ အရှေ့ဖက်ခြမ်း ၁ခုနဲ့ အနောက်ဖက်ခြမ်း ၁ခု မြစ်ကိုခွလျက်ဖြစ်ပါတယ်။
-
ရေလမ်းကတော့  ဧရာဝတီမြစ်ကြောင်းလမ်းပဲဖြစ်ပါတယ်။
အဲဒီလမ်းကြောင်းတွေကို ထိန်းဖို့အတွက် ဒေသခံလက်နက်ကိုင်တွေလိုတယ်။ ဒါကြောင့် KIA အကြမ်းဖက်အဖွဲ့ဟာ ဧရာ၀တီမြစ်တစ်ကြောမှာရှိတဲ့ လူရိုးလူအတွေရဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်တဲ့ စိတ်ခံစားချက်ကို ချနင်းပြီး အသုံးချလိုက်ပါတော့တယ် ..
-
ပထမဆုံးအနေနဲ့ KIAဟာ ဒေသခံပြည်သူတွေကို လက်လုပ်မိုင်းပြုလုပ်နည်းတွေ ဖောက်ခွဲနည်းတွေ သင်ကြားပေးလိုက်ပါတယ်နောက်တစ်ဆင့်အနေနဲ့ KIA ထုတ် လက်နက်နေဖြစ်တဲ့ Type 82 နဲ့ K 12 သေနတ်တွေကို နိုင်ငံရေးအကြောင်းဘာမှ နားမလည်သေးတဲ့ သွေးဆူနေတဲ့ လူငယ်လေးကို တပ်ဆင်ပေးပြီး သူပုန်ထခိုင်းလိုက်ပါတော့တယ် ..
-
ပြောရမယ်ဆိုရင် KIA လူလည်ကြတာကို စစ်ကိုင်းက အညာသားတွေခံလိုက်ရတာပါပဲ
ဘာကြောင့် ဒီလိုပြောရလဲဆိုရင် KIA ဟာ သူတို့ဆီကို တပ်မတော်စစ်ကြောင်းတွေ လွယ်လွယ်ကူကူ လာလို့မရအောင် လမ်းကြောင်းမှာ အညာသားတွေကို ထိန်းခိုင်းလိုက်တဲ့သဘောပဲဖြစ်ပါတယ်
တွေးကြည့်ရင်တော့ ဗမာလူမျိုးအချင်းချင်းကို KIA က တိုက်ခိုင်းလိုက်ခြင်းဖြစ်ပါတယ်
-
KIA ဆိုတာကလည်း သူ့လူမျိုးမှ အကောင်းထင်ပြီး ဗမာမုန်းတီးရေးကို လက်ကိုင်ထားတဲ့အဖွဲ့တစ်ခု ဖြစ်ပါတယ် .. နောက်တစ်ခုက ယခုလို KIA က စစ်ပညာသင်ပေးလိုက်တဲ့အတွက် သူတို့ဟာ ကျေးဇူးရှင်ဘွဲ့ ခံယူပြီး စစ်ကိုင်းတိုင်းအတွင်းက သူတို့သွားချင်တဲ့နေရာကို ဒေသခံအချို့ရဲ့အကူအညီနဲ့သွားလို့လာလို့ ရသွားပါပြီ ..
-
ဟုတ်ပြီသူတို့ဘယ်နေရာတွေသွားပြီး ဘာတွေကို ထိန်းချုပ်မလဲ …? စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ချင်းတွင်းမြစ် အထက်ပိုင်းက ခိုးတူးရွှေမှော်တွေ၊ တပိုင်တနိုင်ရေနံတွင်းတွေ၊ သစ်ခိုးထုတ်ရာနေရာတွေ .. ဒါတွေဟာ အမျိုးမျိုးသောဝင်ငွေလမ်းကြောင်းတွေနဲ့ စီးဆင်းနေတာဖြစ်ပြီး အဆိုပါနေရာတွေကိုသာ KIA ဟာ ထိန်းချုပ်နယ်မြေတိုးလာခဲ့ရင်  PDF အကူအညီနဲ့ သူရဲ့ဝင်ငွေလည်းတိုးပွားလာမှာ ဖြစ်ပါတယ် ..
-
PDF  ဆိုတာလည်း သူမွေးထုတ်ပေးလိုက်တဲ့ သူ့ဩဇာခံမို့ စစ်ကိုင်းဒေသမှာ စီးပွားရေးအရ ဗျူဟာမြောက် အကျိုးအမြတ်တွေ KIA အတွက် မက်လောက်စရာဖြစ်နေပါတယ်။  အဲဒီတော့ KIAအဖွဲ့ ဘယ်တွေသွားပြီး ဘာတွေထိန်းချုပ်မလဲဆိုတာ သိ‌လောက်ပြီထင်ပါတယ်။
-
နောက်ဆုံး အချုပ်အနေနဲ့ပြောရရင်တော့
ဒီပွဲမှာ နိုင်ငံရေးမငြိမ်မှုကို အကြောင်းပြုပြီး KIA ရဲ့ အမြတ်ထုတ်တာခံလိုက်ရသူများကတော့ အညာသားတို့ရဲ့ စစ်ကိုင်းမြေပါ .. ဗမာအချင်းချင်း ချကြတဲ့ပွဲမှာ ဘေးကနေ လက်ခုပ်တီးပြီး အကျိုးအမြတ်ရလိုက်တာကတော့  KIA ဆိုတာ သိဖို့လိုပါမယ် ..
-
KIA လုပ်နေတာတွေဟာ NUG နဲ့ PDF အတွက်လည်းမဟုတ်ပါသလို ဒီမိုကရေစီအတွက်လည်းမဟုတ်ပါဘူး .. သူ့အကျိုးစီးပွာသက်သက်သာဖြစ်ပါတယ် ..
-
ဒါကြောင့် အညာသားကြီးတွေအနေနဲ့ ဖြစ်စဉ်အခြေနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ပြီး အမှန်ကို အမြန်ဆုံး မြင်နိုင်ကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်
#KT



Post a Comment

Previous Post Next Post