ဝါးနုက .. ဝါးရင့်ကို ပတ်

Views

 


တနေ့က TNLA ဘုရားဖျက်အဖွဲ့မှ တာမိုးဟိန်း ဆိုသူက ရှမ်းလက်နက်ကိုင် တစ်ဖွဲ့ဖြစ်တဲ့ SSPP/SSA (ဝမ်ဟိုင်း)ကို နမ့်ခမ်းမြို့မှာ လူသစ်စုလို့ဆိုပြီး စာထုတ်ကန့်ကွက်ထားတာတွေ့ရတယ်။

-

ဒီစာကိုမြင်တော့ “ဝါးနုက ဝါးရင့်ကိုပတ်”ပြီး နောက်မှပေါက်တဲ့ရွှေကြာပင်က ပိုပြီးလှချင်သလိုမျိုး ဖြစ်နေတယ်။ နမ့်ခမ်းဆိုတာ ရှမ်းလူမျိုးအများဆုံးနေထိုင်ကြပြီး ခေတ်အဆက်ဆက်က ရှမ်းစော်ဘွားတွေ၊ ရှမ်းပဒေသရာဇ်တွေ အုပ်ချုပ်ခဲ့တဲ့ ရှမ်းလူမျိုးတို့ရဲ့ ဘူမိနတ်သံဖြစ်ပါတယ်။ နောက်မှသာ ပလောင်လူမျိုး အနည်းငယ်ဝင်ရောက် နေထိုင်ကြတာပါ။ (ဒါက သမိုင်းကြောင်းကို ရှင်းပြတာ)

-

ရှမ်းပြည်နယ်ထဲက နမ့်ခမ်းမှာ ရှမ်းလက်နက်ကိုင်ဖြစ်တဲ့ ဝမ်ဟိုင်းအဖွဲ့က လူသစ်စုတာ ရှိနေမှာပဲ။ ဝမ်းဟိုင်း အဖွဲ့ အဲလို လူသစ်စုတာမှန်တယ်လို့ ထောက်ခံခြင်းမဟုတ်ပါ။ လူသစ်စု/ဆက်ကြေးကောက်တဲ့ ဒဏ်ကို ဘယ်သူတွေခံစားရလဲဆိုတော့ ရှမ်းလူမျိုးတွေပဲ ခံစားရတာပဲ။

-

အလားတူ နမ့်ခမ်းကို TNLA ဝင်တိုက်ပြီး စစ်ဘေးရှောင်နေတဲ့ အိမ်တွေထဲက ရှမ်းလူမျိုးတွေပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေ၊ စည်းစိမ်ဥစ္စာတွေ TNLA က စိတ်ကြိုက် ခိုးယူခဲ့တယ်။ လူသစ်လည်း စုတယ်။ ဒီဒဏ်တွေကို အများဆုံး ခါးစည်းပြီးခံရတာ ရှမ်းလူမျိုးတွေပါပဲ။

-



ဒါကို TNLA က ရှမ်းလူမျိုးတွေရဲ့နယ်မြေ နမ့်ခမ်းမှာ ရှမ်းတွေကို လာအုပ်ချုပ်ဖို့ အုပ်ချုပ်မှုကိစ္စတွေ လုပ်နေတာ လူပါးဝလွန်းရာကျပါတယ်။ ရှမ်းတိုင်းရင်းသားတွေကတော့ တစ်ဘူပေါ် နှစ်ဘူဆင့်ပေါ့။။။



KT

Post a Comment

Previous Post Next Post