ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ

Views


(မိုးမိတ်)

၁၈-၁-၂၀၂၄ ရက်နေ့မှ ၂၀-၁-၂၀၂၄ ရက်နေ့အထိ မိုးမိတ်မြို့ရှိ ရဲစခန်း၊ ဈေး၊ ဘုန်းကြီးကျောင်းနှင့် လမ်းဘေးရှိ တံတားနေရာများအား အကာအကွယ်ယူ၍ တိုက်ခိုက်နေသည့် TNLA/KIA/PDF အကြမ်းဖက်သမားများအား မိမိဘက်မှ လေကြောင်းပစ်ကူ/ လက်နက်ကြီးပစ်ကူယူ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်များ ထိခိုက်ဆုံးရှုံးမှုများ၊ မိမိဘက်လည်း အထိအခိုက်အချို့ရှိ။



၂၂ ရက်နေ့နှင့် ယနေ့ ၂၃ ရက်နေ့အထိ မိုးမိတ်မြို့အတွင်း တိုက်ပွဲမဖြစ်ဘဲ ငြိမ်သက်လျက်ရှိ။ အကြမ်းဖက် သမားများ မိုးမိတ်မြို့အား မစိုးမိုးနိုင်သေး။



ဒေသခံများပြောကြားချက်အရ မိုးမိတ်တိုက်ပွဲ ၃ ရက်တာအတွင်း အကြမ်းဖက်သမား ၂၀၆ ဦး သေဆုံးပြီး ၁၁၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရ။

-

(ဖားကန့်)

၁၈-၁-၂၀၂၄ မှ ၂၀-၁-၂၀၂၄ ခုနှစ်အထိ ဖားကန့်မြို့နယ်ရှိ ဝှေခါစခန်းအား အကြမ်းဖက် KIA/PDF များမှ သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ရာ မိမိဘက်မှ လေကြောင်းပစ်ကူ/လက်နက်ကြီးပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သမား ၁၈၅ ဦးသေဆုံးကြောင်း သိရှိရပြီး မိမိစစ်သည် ၁ ဦး ကျဆုံး၍ ၃ ဦးဒဏ်ရာရရှိ။ ဝှေခါစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပင်မနေရာသို့ အထိအခိုက်မရှိ ပူးပေါင်းနိုင်ခဲ့။

-

(မဘိမ်း)

၂၁-၁-၂၀၂၄ ရက်နေ့ကမဘိမ်းမြို့အား လာရောက်တိုက်ခိုက်သည့် TNLA KIA PDF များအား မိမိတပ်မှ ပြန်လည်ပစ်ခတ်သဖြင့် အကြမ်းဖက်အချို့ ဆုတ်ခွာသွားခဲ့ပြီး type-81 လက်နက်ငယ် ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု ကျည် ၁၀၀ တောင့် နှင့် အလောင်း ၁ လောင်းရရှိခဲ့ကာ မဘိမ်းမြို့အား လာရောက်တိုက်ခိုက်သည့် KIA/PDF များမှာ မဘိမ်းမြို့နှင့် မီတာ ၆၀၀၀ ခန့်ဝေးသည့် ကျေးရွာတွင် သေဆုံး KIA /PDF အလောင်း ၆ လောင်းအား မြုပ်နှံခဲ့ကြောင်း ခိုင်မာသတင်းအရ သိရ။



#KT

Post a Comment

Previous Post Next Post