ရိုးရိုးရှင်းရှင်းပဲ တွေးကြည့်ပါ

Views


ရိုးရိုးရှင်းရှင်းပဲတွေးပါ..
-
အားနည်းချက်တွေရှိနိုင်ပေမယ့် တပ်မတော်ဆိုတာ အာဏာသုံးရပ်ပိုင်ထားတဲ့ နိုင်ငံတော်ရဲ့ အကြီးမားဆုံး လက်နက်ကိုင်အဖွဲ့အစည်းကြီးပါ။ Proxy war ဆိုတဲ့ လက်နက်ကိုင်သူပုန်တွေကို မရှုံးပါဘူး။
-
ပြည်ပနိုင်ငံကြီးတစ်ခုက စစ်ရေးအရကိုယ်တိုင်ပါဝင်တိုက်ခိုက်လာတာက (အီရတ်လို)လွဲရင် သောင်းကျန်း သူ/ သူပုန်ကိုစစ်ရှုံးစရာမရှိပါဘူး။ လုံလောက်တဲ့အချိန်ကာလတစ်ခုပဲလိုတာပါ။
-
လောက်ကိုင်ကလွဲရင် ကျန်မြို့တွေသိမ်းတာ ဘာထူးဆန်းလဲ? မြို့စောင့်တပ်မှမရှိတာ။ မြို့/ရွာတိုင်းကို စစ်တပ်က လူနဲ့မဟုတ်ဘဲ အုပ်ချုပ်ရေးအာဏာနဲ့သာ ထိန်းထားတာပါ။ စစ်အင်အားဖြန်ကျက်မထားပါဘူး။ သူပုန်ကသိမ်းပြီးတော့လည်း ပြန်အတိုက်ခံရမှာပဲမဟုတ်ဘူးလား? ပြန်သိမ်းခံရမှာအသေအချာပါ။ မီဒီယာစစ်ပွဲပါ။
-
ဒင်းတို့လိုချင်တာက တပ်မတော်ပြိုကွဲစေချင်တာ၊ တိုက်လို့တော့မနိုင်မှန်းသေချာသိတယ်။ တပ်မတော် ခေါင်းဆောင်နဲ့ စစ်တပ်ကစောက်ရှက်ကွဲခံပြီး ငြိမ်ခံနေမယ်ထင်သလား?
-
နိုင်ငံရေးမဟာဗျူဟာရှိတယ်.. စစ်ရေးမဟာဗျူဟာရှိတယ်.. စစ်တပ်ကအင်အားကြီးတယ်.. စစ်သားအင်အား နည်းရင်တောင် အစိုးရအာဏာအောက်မှာ ပြည်သူတွေရှိတယ်..စုဖွဲ့ပုံမှန်ဖို့ပဲလိုတယ်။ လက်နက်က အများကြီး၊ပြည်ပစစ်အတွက်ပြင်ထားတဲ့ လက်နက်ဆန်းတွေအများအပြားရှိတယ်။ ကိုယ်တိုင်ထုတ်ထားတာ တွေရှိတယ်။ ကြည်း/ရေ/လေ/အမြောက်/သံချပ်ကာ/တင့်/ဒုံးတပ်ကြီးတွေရှိတယ်။ မရှုံးပါဘူး။
-
အစိုးရမှာသာညံ့ရင်ညံ့မယ်.. စစ်သားကစစ်ဗိုလ်လုပ်နေတာပါ..
-
တီးတိုးတီးတိုး မပြောပါနဲ့.. တပ်မတော်ပြိုကွဲစေမဲ့ အသံတွေမလွှင့်ပါနဲ့.. ဒင်းတို့ ရည်ရွယ်ချက်က မနိုင်မှန်းသိတယ်..ခြေထိုးနေတာပါ။ ယုံကြည်လိုက်စမ်းပါ..
(နယ်မြေအားလုံးအစိုးရ/တပ်မတော်အုပ်ချုပ်မှု့အာဏာအောက်ပြန်ရောက်စေရမယ်)
စေတနာဖြင့်..

BG Zaw Myint

Post a Comment

Previous Post Next Post