အကြမ်းဖက်သမားများကို PNO တိုက်မည်

Views


ဦးအောင်ခမ်းထီ PNO အဖွဲ့က အကြမ်းဖက်သမားတွေကို တိုက်ထုတ်ဖို့ ပအိုဝ်းလူမျိုးတို့အား သတိပေးထုတ်ပြန်ချက် ထုတ်ပြန်ထားပါသည်။
-
စန္တာခမ်း ရဟန်းသံဃာများနှင့် တကာများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်

လက်ရှိတွင် ပအိုဝ်းအမျိုးသားများအတွက် အရေးကြီးချိန်ရောက်လာပြီဖြစ်သဖြင့် ကျေးရွာတိုင်းရှိ ပအိုဝ်းလူငယ်ခေါင်းဆောင်များအနေဖြင့် ရောက်ရှိလာမည့် အမျိုးသားအန္တရာယ်များကို မိမိတို့ဒေသအတွင်းရှိ နီးစပ်ရာလမ်းမကြီးများနှင့် တောတောင်များတစ်လျှောက်လုံးတွင် လက်နက်မျိုးစုံဖြင့် အင်တိုက်အားတိုက် တိုက်ထုတ်ကာကွယ်သွားမည်။
-
စန္တာခမ်းအတွင်း ကျေးရွာပေါင်း(၄၅၀)ရှိ ပအိုဝ်းလူငယ်ပေါင်း(၈၀၀၀၀)ဦးတို့မှ စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားအန္တရာယ်ကို ကာကွယ်သွားမည်။ ယခုကာလအတွင်း ပွဲလမ်းသဘင်များကို လုံးဝဆောင်ရွက်ခွင့်မရှိပါ။ မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်မှာ ပအိုဝ်းအမျိုးသားတိုင်း၏ တာဝန်ဖြစ်သည်။

ခမ်းတွို့

(၂၆-၁-၂၀၂၄) သွေးဖြင့် ရေးသည့်သမိုင်း

Post a Comment

Previous Post Next Post